Chapter - 26.1 [Uni+Zawgyi]

195 22 0
                                    

ကျင်းယွမ်ချီသည် လူရှေ့သူရှေ့မှာဖြစ်လို့ ရှီချင်းအား ညင်သာသောနည်းဖြင့် နောက်ပြောင်ခဲ့သည်။

သူတကယ် အရည်အချင်းရှိတယ်ဆိုတာတော့ ဝန်ခံရမည်။

သာမာန်လူတွေက အလုပ်နှစ်ခုကို တပြိုင်နက်တည်းလုပ်ဖို့ ခက်နေတတ်ပေမယ့် ဒီမှာတော့ သူက အလုပ်သုံးမျိုးလောက် တစ်ပြိုင်နက်တည်းလုပ်နေခဲ့သည်။

အပေါ်ယံတွင်သာ သူက စိုးရိမ်နေသည့် စကားလုံးများကို ပြောဆိုပြနေပါသော်လည်း သူ့လက်နှစ်ဖက်စလုံးကတော့ သူ့စိတ်ထားအစစ်အားပြသနေသည်။

ထိုလက်နှစ်ဖက်ကတော့ အတော်လေးရိုးသားသည်ဟု ဆိုရလောက်မည်။

ကျင်းယွမ်ချီမှာ သူ့ရှေ့က အုံ့အုံ့မှိုင်းမှိုင်းနေတတ်တဲ့ ရုပ်ရှင်ဧကရာဇ်က သူ့ကို တွန်းဖယ်ပစ်လိမ့်မယ် ဒါမှမဟုတ် သူ့ဆုပ်ကိုင်မှုကနေ တိတ်တဆိတ် ရှောင်ထွက်သွားလိမ့်မယ်လို့ ထင်ခဲ့တယ်။

သို့သော် ရှီချင်းက တောင့်တင်းနေပါသော်လည်း သူ၏ဓမ္မအပြုအမူများကို မကန့်ကွက်ခဲ့ပေ။

ထို့ကြောင့်ပဲ ကျင်းယွမ်ချီ၏ လုပ်ရပ်သည် ပို၍ ပို၍ပင် တရားလွန်ဖြစ်လာသည်။ ရှေးခေတ်အ၀တ်အထည်များကို ခေတ်မီအဝတ်အစားများနှင့်မတူဘဲ အလွယ်တကူ လှန်လို့ရနိုင်သည်။
(🌚)

သို့သော်လည်း သူက ၎င်းတို့ကို မလှန်ခဲ့ပေ။ ယင်းအစား ခါးပတ်ဖြူ၏အောက် အရှည်တစ်လျှောက် အောက်သို့ ခြေရာခံလက်လျှိုခဲ့သည်။

သူ့လက်က ညင်ညင်သာသာနဲ့ ဝေ့ဝဲရွေ့လျားနေခဲ့သည်။

“အင့်......”

ရှီချင်း၏ခါးသည် အနည်ငယ်လှုပ်ရှားသွားပြီး အလောသုံးဆယ် ရှိုက်သံတစ်ခုထွက်လာခဲ့သည်။

ကျင်းယွမ်ချီသည် သူ့ပါးပြင်များအထိ နီမြန်းလာသော နီမြန်းမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ကောင်းကျီက ထိတ်လန့်စွာ တစ်ချက်လှမ်းကြည့်လိုက်သည်။ "ရှီကော?"

ရုပ်ရှင်ဧကရာဇ်သည် သူ့မျက်နှာတွင် မဖြစ်သင့်သော အသွင်အပြင်ကို လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။ ကျင်းယွမ်ချီ ၏ ရှုထောင့်မှကြည့်လျှင် သူ၏ နက်မှောင်သော မျက်လုံးများက ပွင့်ချပ်ကဲ့သို့ နှုတ်ခမ်းလေးများ ပွင့်ပိတ်သည်ကိုမြင်နိုင်သည်။ “ငါအဆင်ပြေပါတယ်။”

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now