Chapter - 25.2 [Uni+Zawgyi]

203 27 1
                                    

လူငယ်သည် နေမင်ကြီးကဲ့သို့ တောက်ပစွာပြုံးပြနေသော်လည်း သူ့အသံနဲ့ ထိုအသွင်အပြင်ဟာ အနည်းငယ်မျှပင် မလိုက်ဖက်နေပေ။ သူ့အသံဟာ အခြားသူများ၏နှလုံးသားကို ဆွဲဆောင်နိုင်ပုံရသည့် ဖော်မပြနိုင်သော သံလိုက်ဓာတ်တစ်ခုရှိသည်။ "အရင်ကမေးဖို့မေ့သွားခဲ့တာ လောင်ရှီဘာလို့ ကျွန်‌တော့်ဆီငရုတ်ဆီပို့ခဲ့တာလဲ"

ကျင်းယွမ်ချီ နီးကပ်လာသည်နှင့်အမျှ ရုပ်ရှင်ဧကရာဇ်သည်လည်း အသက်ရှူရပ်သွားပုံရသည်။

သူက စက္ကန့်များစွာကြာအောင် တိတ်ဆိတ်နေခဲ့သည်။

ကျင်းယွမ်ချီသည်လည်း အလျင်မလိုပေ။ သူရှေ့သို့ကိုင်းနေသည့်အတိုင်း ဆက်နေရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မော့ကြည့်လိုက်တယ်။

ဒီလူငယ်လေးဟာ သူ့ရဲ့ အလှကို ပေါ်လွင်အောင် စွမ်းဆောင်ရာ၌ ထူးချွန်သူပါ။ သူ့မျက်လုံးများသည် ဂန္တဝင်တွင်သည့် မက်မွန်ပွင့်မျက်လုံးများဖြစ်သည်။ လူတစ်ယောက်ကို ထိုမျက်လုံးလေးများဖြင့် မော့ကြည့်ပြီး ပြုံးလိုက်တဲ့အခါ ထိုလူတစ်ယောက်ရဲ့ အတွေးတွေကို လုံးဝ ဖမ်းဆုပ်နိုင်လုနီးပါးပါပဲ။

သူရဲ့ ဒီရှေ့သို့ငုံ့ကိုင်းကာမော့ကြည့်လိုက်သည့် အနေအထားကြောင့် ရှီချင်း မျက်လွှာချထားရင်တောင် သူ့အကြည့်များနှင့် သွားဆုံတွေ့သွားခဲ့သည်။

ကျင်းယွမ်ချီသည် ခဏတာ ထိတ်လန့်သွားပုံပေါ်သည့် ရုပ်ရှင်ဧကရာဇ်ကို စောင့်ကြည့်နေခဲ့သည်။ သူ၏ ရှည်လျားသော မျက်တောင်များသည် အချိန်အတော်ကြာအောင် လျှင်မြန်စွာ တဖြတ်ဖြတ်ခတ်သွားခဲ့သည်။ သူ့ရဲ့အသံခပ်တိုးတိုးက ခါတိုင်းထက် အနည်းငယ်ပိုမြန်စွာ ထွက်လာခဲ့သည်။

"မင်းက စပ်တဲ့စားစရာတွေကို ကြိုက်လို့လေ။"

သူက စပ်တဲ့စားစရာတွေ ကြိုက်တယ်ဆိုလို့ သူကတစ်ယောက်ယောက်ကို သူ့စားစရာထဲ ငရုတ်ဆော့စ်သွားထည့်ခိုင်းတာတဲ့လေ။

ကျင်းယွမ်ချီ ထရယ်လိုက်မိသည်။

သူက အသံသိပ်မကျယ်ပေမယ့် သူရယ်နေတာကိုတော့ လူတိုင်းက မြင်သွားကြတယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now