Chapter - 25.1 [Uni+Zawgyi]

271 26 0
                                    

ပါးရိုက်ခံရပြီးနောက် ကျူအန်းဟယ်၏မျက်နှာသည် ယောင်လာသွားတဲ့အခါ နေ့လည်ခင်းတွင် ကျင်းယွမ်ချီ နှင့် သူ၏ရိုက်ကူးရမည့်အခန်းများမှာ ကျော်ပစ်လိုက်ရသည်။

ကျင်းယွမ်ချီက ပျော်ပျော်ကြီး ထိုင်ကာ အနားယူနေခဲ့တယ်။ သူသည် ရှီချင်း၏စာအုပ်မှ စာမျက်နှာတစ်ခုကိုယူကာ ဧကရာဇ်ရုပ်ရှင်၏ဘေးတွင် ကုလားထိုင်တစ်လုံးကို ရွှေ့လိုက်သည်။

ကွာခြားချက်မှာ သူက ရှီချင်းအား လေ့လာကြည့်ရှုနေပေမယ့် ရှီချင်း ကတော့ အခြားသူများ၏ သရုပ်ဆောင်မှုအား လေ့လာကြည့်ရှုနေသည်။

ကျင်းယွမ်ချီသည် အခြားသူများကို လေ့လာကြည့်ရှုအကဲခတ်တော်သူဖြစ်သည်။ သူ့မှာ တစ်ဖက်လူရဲ့ စရိုက်ကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ထူးခြားတဲ့အရည်အချင်းလည်းရှိတယ်။ ထုံးစံအတိုင်း သူသည် သူ၏အရည်အချင်းအား ရုပ်ရှင်ဧကရာဇ်လောင်ရှီးရုပ်ရှင်တွင်လည်း အသုံးချခဲ့သည်။ ဒါပေမယ့် ငရုတ်သီးဆော့စ် အဖြစ်အပျက် အပြီးမှာတော့ သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုဟာ ကြီးကြီးမားမား ချို့ယွင်းချက် ရှိနေကြောင်း ရုတ်တရက် သိလိုက်ရပါတယ်။

ကျင်းယွမ်ချီ၌ ဒီလိုအမှားမျိုးဖြစ်သည်က ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

ယင်းကပဲ သူ ရှီချင်း အပေါ်ပြင်းပြင်းပြပြ စိတ်ဝင်စားလာစေခဲ့တာဖြစ်သည်။

ကျင်းယွမ်ချီသည် အမြဲတမ်း ရဲတင်းကာ အထိန်းအကွပ်မဲ့သူ တစ်ယောက်လည်းဖြစ်သည်။ သူ့ကို စူးစမ်းချင်စိတ် ဖြစ်စေတဲ့ အရာတွေကို အသေးစိတ် လေ့လာတတ်သည်။

ထို့ကြောင့် သူ၏ရှေးဟောင်းအဝတ်အစားကို ၀တ်ဆင်ထားသော လူငယ်သည် နေ့လည်ခင်းတစ်ခုလုံး ရှီချင်းကိုပဲ ပွင့်ပွင့်လင်းလင်း စိုက်ကြည့်နေခဲ့သည်။

သူသည် တစ်နေ့တွင် ဂုံးကောင်ကဲ့သို့သော ရေနေသတ္တဝါများကို မမြင်ဖူးသော ကျားသစ်တစ်ကောင်နဲ့ပင် တူနေတော့သည်။

သူဗိုက်မဆာတဲ့အတွက် စားသောက်ပစ်လိုက်ဖို့ကို အလျင်စလို မဖြစ်နေခဲ့ဘူး။ သူ စိတ်ရှည်ရှည်နဲ့ သူ့အမြီးရှည်ကို ဝေ့ယမ်းလိုက်ရင်း ချွန်ထက်တဲ့ ခြေသည်းတွေကို ခြေဖဝါးထဲ ပြန်သွင်းလိုက်သည်။ သူက ဂရုတစိုက် ဂုံးကောင်လေးဘေးလှည့်ပတ်နေပြီး သူ အတွင်းထဲက နူးညံ့တဲ့ အသားတွေကို ထုတ်ပြလာဖို့ သူ့ရဲ့ မာကျောတဲ့ အခွံကို သူ့သဘောနဲ့သူဖွင့်ဖို့ ဆုံးဖြတ်တဲ့အထိစောင့်ဖို့ ကြိုးစားနေခဲ့တယ်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now