Chapter - 29.2 [Uni+Zawgyi]

264 30 1
                                    

သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ကျင်းယွမ်ချီ သည် တရုတ် kickboxing ကို လေ့လာခဲ့ဖူးသည်။ လေ့ကျင့်ရေးတွင် ဆက်လက်ကာ ဇွဲရှိရှိလေ့ကျင့်မှုကြောင့် ဤကိုယ်ရံတော်များထဲမှ တစ်ယောက်ကမျှ သူ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။

"မင်း!"

ကျင်းယွမ်ချီ ကိုဖမ်းရန် သက်တော်စောင့်များစွာသည် ပူးပေါင်းကြိုးပမ်းခဲ့ကြသော်လည်း လူငယ်သည် သူတို့၏ ကြိုးစားမှုအား အားပင်မစိုက်ထုတ်ရဘဲ ဖြတ်ကျော်သွားခဲ့သည်။ သူသည် ရှီချင်း အနားတွင် ဝုန်းကနဲထိုင်ချလိုက်သည်။

"ရှီလောင်ရှီး၊ မင်း တခြားလူတွေနဲ့ စကားမပြောချင်တာက အဆင်ပြေပါတယ်၊ ဒါပေမယ့် မင်း ကျွန်တော့်နဲ့ပါ ဘယ်လိုလုပ် ဝေးဝေးနေရတာလဲ။"

ရုပ်ရှင်ဧကရာဇ်က သူ့စာအုပ်ကို ချလိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခုဖြင့် "ငါနဲ့ဝေးဝေးနေ"

ကျင်းယွမ်ချီ အံ့အားသင့်သွားခဲ့သည်။

ရှီချင်း သူအပေါ် ဤသို့ကြမ်းကြမ်းတမ်းတမ်း လေသံ သုံးသည်က ဒါပထမဆုံးအကြိမ်ပဲဖြစ်သည်။

အရင်က ရှီချင်း ကျင်းယွမ်ချီ ကို မောင်းထုတ်ရင်တောင်မှ ဒီလိုလေသံမျိုး ဘယ်တော့မှ မပြောခဲ့ဘူးပေ။

လုလင်သည် သူ့သားကောင်၏ အားနည်းချက်များကို ကောင်းကောင်းကြီးသိသည်။ သူသည် သူ၏တောက်ပသောအပြုံး၏ တောက်ပမှုကို ကျွမ်းကျင်စွာ မြှင့်တင်လိုက်ပြီး ရုပ်ရှင်ဧကရာဇ်နှင့် တစ်မီလီမီတာ အကွာအဝေးသို့ ရွေ့လျားသွားခဲ့သည်။

သူက သူ့အား စနောက်သည့် မျက်နှာထားနှင့် “ဒီလောက် ဝေးရင် ရပြီမဟုတ်လား”

ရှီချင်း ၏ မျက်ခုံးများသည် ပို၍ပင် တွန့်ကွေးလာခဲ့သည်။ ပွင့်ချပ်နှင့်တူသော နှုတ်ခမ်းများက သူအရမ်းမကျေမနပ်ဖြစ်နေပုံကို ပြသနေပုံရသည်။

ကျင်းယွမ်ချီ သည် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားနိုင်သွားသည်။

ဘာဖြစ်တာလဲ?

ရှီချင်း က ဘာလို့ သူ့အပေါ်ကို ဒီလောက်တောင် သည်းမခံနိုင် ဖြစ်နေရတာလဲ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now