ရှီချင်းသည် အတွင်းဘက်တွင် ရယ်မောရင်း သေဆုံးသွားခဲ့သည်။
သေချာတာပေါ့ သူ့မျက်နှာကတော့ လေးလေးနက်နက်ရှိနေသေးသည်။ သူက ချက်ချင်းပင် သူ့ခါးမှာရှိနေတဲ့ ကျင်းယွမ်ချီရဲ့လက်ကို ချက်ခြင်းဖယ်ထုတ်လိုက်ပြီး သူ့အဝတ်အစားတွေကို ထကာပြင်ဆင်လိုက်သည်။
သူ့ပါးစပ်ထဲက အဆီများတဲ့ အသားလေးတစ်စ ပြေးထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ကျင်းယွမ်ချီသည် ယခုအချိန်တွင် 'Top က ဘယ်သူ' ဟူသော မေးခွန်းကို ဘေးဖယ်ထားလိုက်သည်။ သူ မတ်တပ်ထရပ်ခိုက်ပြီး ရှီချင်းအား အရိုးမဲ့စွာ ဖက်ထားလိုက်သည်။
အသံရှည်ဆွဲကာပြောသော သူ့အသံက ချိုမြိန်လှသည်။ - “ဒါတွေကို ကိုယ်ဂရုမစိုက်တာ မင်းသိပါတယ်။ ဘယ်သူက Top ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။”
ဒါဟာ 100% လိမ်ညာမှုပါ။ သူသည် ရုပ်ရှင်ဧကရာဇ်ကို စိတ်ဝင်စားလာကတည်းက ဤလူအား သူ့အောက်သို့ တွန်းပို့ကာ သူ့အား အမျိုးမျိုးသော အရာများ ပြုလုပ်ချင်ခဲ့သည်။
ရှီချင်းသာ အပေါ်မှာနေချင်ပါက သူလည်းသူ့အတွက်စဥ်းစားပေးပြီးနေခိုင်းလိုက်မည် သူ့အပေါ်ထိုင်ခိုင်းမှာမျိုးပေါ့။
ဒါပေမယ့်လည်း သူ့အတွေးတွေထဲ မတရားတာများဖြစ်နေမလား?
ကိစ္စမရှိပါဘူး ရှီချင်း ကို အရင်ဆုံး အိပ်ရာထဲရောက်အောင်သာအရင်လုပ်ရမယ်။ နောက်ပိုင်းက ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူကများ သေချာပြောနိုင်ပါ့မလဲ။
အပြင်ပန်း၌ ရိုကျိုးလှသည့် ကျင်းယွမ်ချီ အတွင်းတွင်တော့အကြံအစည်များပြည့်နေသည်။ သူ့ပါးစပ်ထဲက ချိုမြိန်တဲ့ အရာမှန်သမျှ လွတ်လွတ်လပ်လပ် လောင်းချလိုက်တယ်။ - "ရှီလောင်ရှီး လုပ်ချင်တာမှန်သမျှ ကျွန်တော့်အတွက်အဆင်ပြေပါတယ်"
ရှီချင်းက လှည့်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ "ငါလုပ်ချင်တာမှန်သမျှလို့ မင်းပြောလိုက်တာလား"
ကျင်းယွမ်ချီ ဝမ်းသာသွားသည်။
လူငယ်သည် ရုပ်ရှင်ဧကရာဇ်၏ ပခုံးအပေါ် သူ့မျက်နှာဖြင့် ပွတ်သီးပွတ်သပ်လုပ်နေသည်။
YOU ARE READING
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Fiksi IlmiahAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.