ညတွင်းချင်းပင် လူတိုင်းသည် ရှီချင်း အကြောင်း ကြားဖူးသွားကြရသည်။
ဘာကြောင့် သက်တော်စောင့်တွေ ငှားရတာလဲ။
ဘာကြောင့် သူသည် အောင်မြင်ကျော်ကြားနေတဲ့လူတစ်ယောက်နဲ့ ဘယ်တုံးကမှမတူခဲ့တာလဲ။
ဖျော်ဖြေရေးအသိုင်းအဝန်းမှာ ဘာကြောင့် သူငယ်ချင်းမရှိရတာလဲ။
သူ့ဂုဏ်သိက္ခာကို အမည်းရောင် စွန်းထင်းစေခဲ့တဲ့ အချက်တွေအား တစ်ညတည်းနဲ့ပင် ဖြူစင်သွားစေခဲ့ပါတယ်။ ယခုတော့ သူ့ကို အားလုံးက စာနာစိတ်ဖြင့် ရှုမြင်လာခဲ့ကြသည်။
[အဲလိုနေထိုင်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမှမရှိတာပဲ။ ဘယ်သူက တစ်ချိန်လုံး လူထုရဲ့ အပြစ်တင်ပြောဆိုမှုကို ခံချင်ပါ့လဲ။]
[ငါ CIP ဆိုတဲ့ နာမည်ကို ကြားတုန်းကတော့ တော်တော်ကောင်းတယ်လို့ ထင်ခဲ့မိတယ်။ ပြောချင်တာကကွာ ဘယ်သူက နာကျင်ချင်မှာလဲ။ ဒါပေမယ့် အဲဒီပိုစ်ရဲ့နောက်ကွယ်က သိပ္ပံပညာကို ရှင်းပြပြီးတဲ့နောက်မှာတော့ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ နာကျင်တာကိုသာ မသိဘူးဆိုရင် ငါ့ခေါင်းတစ်ခြမ်းလောက် ငါဖြတ်မိခဲ့ရင်တောင် ငါမသိလောက်ဘူး။]
သူ၏ အုံ့မှိုင်းကာ ဥပေက္ခာပြုတတ်မှုကလည်း ရှင်းပြပြီးသားဖြစ်သွားခဲ့သည်။
နောက်ဆုံးအနေနဲ့၊ ဖျားနာနေတဲ့ လူနာကို အမြဲအပြုံးနဲ့ နေထိုင်စေဖို့ ဘယ်သူကများ တောင်းဆိုပိုင်ခွင့်ရှိလို့လဲ?
သူတို့ရဲ့ ဆွေးနွေးမှုအတွင်းမှာ မေးခွန်းတစ်ခု မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။ - “ Shi Qing အခု ဘယ်မှာလဲ? သူအဆင်ပြေပါရဲ့လား?”
ရှီချင်း ဘယ်တုန်းကမှ သည် လူအများရှေ့တွင် တစ်ခါမျှ မပေါ်လာခဲ့ဖူးပေ။
ပရိသတ်များသည် ထောက်ခံမှုပြသရန် အစွမ်းကုန်ကြိုးစားသော်လည်း ရုပ်ရှင်ဧကရာဇ်သည် တသီးတသန့်သာနေဆဲပါ။
နောက်ဆုံးတွင် သူ့ကုမ္ပဏီ၏ တရားဝင် Weibo အကောင့်က တုံ့ပြန်ခဲ့သည်။
ရှီချင်း သည် သူ့အား နာကျင်မှုကို မခံစားရစေသည့် ရှားရှားပါးပါး အခြေအနေတစ်ခုရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့ပါသော်လည်း သူသည် အခြားသူများနှင့် မတူဟု မထင်စေလိုသောကြောင့် ၎င်းကို ကွယ်ဝှက်ထားခဲ့တာပါ။ ရှီချင်း ဟာ အခု ပြန်လည်ကောင်းမွန်လာနေပါပြီ။ လူတိုင်းက သူ့ရဲ့ privacy ကို လေးစားပြီး ဒါကို ထပ်မဆွေးနွေးတော့ပါရန် တောင်းဆိုခဲ့ပါတယ်။
YOU ARE READING
ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။
Science FictionAuthor(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I don't own this novel. Credit to all Author and Translator.