"ဖေဖေစိတ်မရှည်တော့ဘူးနော်သား၊ မြန်မြန် အင်္ကျီလဲပြီး ကျောင်းသွားရမယ်လေ၊ ဖေဖေလည်း company သွားရအုံးမယ်။"
"ကျောင်းမသွားချင်ဘူး၊ တစ်ခြားကလေးတွေဆို သူတို့အမေက လိုက်ပို့တာလို့"၅နှစ်အရွယ် သားလေးရဲ့ ကျောင်းမသွားချင်တဲ့ ဂျစ်တိုက်မှုတွေကြောင့် အိမ်လေးဟာ မနက်ခင်းအတွင်း ဆူညံနေတော့သည်။
ကျောင်းမသွားချင်တဲ့ အကြောင်းအရင်းကိုကြားတော့ Minho မှာ စိတ်မကောင်းဖြစ်ရသည်။ မိခင်မေတ္တာလိုချင်နေတဲ့ ကလေးကို မိခင်မေတ္တာမပေးနိုင်သည့်အပြင် သူကိုယ်တိုင်ကလည်း company တစ်ဖက်ကြောင့် သေချာဂရုမစိုက်နိုင်။
အဖိုးအဖွားတွေနဲ့ အတူနေတယ်ဆိုပေမဲ့လည်း ဒီအရွယ်က မိခင်ဆီက မေတ္တာအပြည့်ရ၊ရမဲ့အရွယ်မလား။"ဖေဖေက တောင်းပန်ပါတယ်၊ သားမေမေက အဝေးကြီးကို သွားတာလေ၊ ပြန်လာရင်ဖေဖေရောမေမေရော အတူတူသွားကြမယ်နော်"
"အမြဲတမ်းပဲ ပြန်လာရင် ပြန်လာရင်နဲ့ တကယ်လည်း မလာပဲနဲ့"ရုတ်တရက်မျက်ရည်တွေ ဘူးသီးလုံးလောက်ကျကာ ထငိုတဲ့ ကလေးကြောင့် Minho ခေါင်းပင်ပိုကြီးသွားရတော့သည်။
"တိတ်ပါသားရယ်၊ တကယ်နောက်ဆို မေမေနဲ့ အတူတူလိုက်ပို့မယ်နော်"
ဘယ်လိုပင်ချော့ချော့ အငိုမတိတ်တဲ့ ကလေးကြောင့် စိတ်ဝိဉာဉ်ပင် မကပ်နိုင်တော့ပေ။
ကလေးရဲ့ မိခင်က ကလေး၂နှစ်သားထဲ ဆုံးပါးသွားကြောင်း သူဘယ်လို ပြောပြရက်နိုင်မလဲ။
ဒီအရွယ်လေးကို အခုလိုကြီးမားတဲ့ စိတ်ဒဏ်ရာတကယ်လည် မပေးနိုင်ပါ။"သားရယ် ဆူညံနေတာ အောက်ထက်ကကို ကြားရတယ်၊ မြေး ဘာဖြစ်တာလဲ ဖွားကိုပြော"
"ဖွားဖွား ၊ ဖေဖေက သားသားကို မေမေနဲ့ အတူတူကျောင်းလိုက်မပို့ဘူး....ဟင့်....တစ်ခြားကလေးတွေကျ သူ့မေနဲ့ တူတူကျောင်းလာကြတာ...ဟင့်"ငိုနေတာကြောင့် စကားပြောတော့ ရှိုက်သံလေးတွေပင် ထွက်နေပြီဖြစ်သည်။
ကလေးရဲ့ စကားသံကိုကြားတော့ အဖွားဆိုသော အမျိုးသမီးကြီးကလည်း မျက်နှာ မကောင်းပေ။
ကလေးက တကယ်ပဲ မိခင်မေတ္တာလိုအပ်နေတာကို ခက်လိုက်တာကွယ်။