"ဆရာမ Yoon ကျွန်တော်ခွင့်ရက်ရှည်ယူချင်လို့ပါ၊ လက်မှတ်ကိုတော့ ကျောင်းလာတဲ့နေ့မှ ထိုးလို့ဖြစ်တယ်မလား"
"ရတယ်လေ Seungmin ၊ ဒါနဲ့ ခွင့်ရက်ရှည်က ဘာလို့လဲ"
"အာ မေမေ နေမကောင်းလို့လေ အဲ့တာကြောင့်ပါ"
"ရတယ်နော် Seungmin လက်မှတ်ကို ကျောင်းလာတဲ့နေ့မှ ထိုးလည်း၊ အန်တီကိုလည်း ဂရုစိုက်လိုက်အုံးနော် ၊ အကူညီလိုရင် ပြောသာပြော အားမနာနဲ့"
"ဟုတ် ကျေးဇူးတင်ပါတယ် ဆရာမ Yoon "Seungmin ခွင့်ယူဖို့အတွက် ဆရာမ Yoon ဆီ ဖုန်းဆက်ပြီးသာ ပြောလိုက်ရသည်။ ဒီအခြေအနေမှာ ကျောင်းထိ သွားပြီး ခွင့်တိုင်ဖို့ဟာလည်း အချိန်မရှိတာကြောင့် ပါသည်။
ဖုန်းပြောပြီး သူ့မိခင်နားသွားကာ
"ဆေးရုံပဲ သွားရအောင်လား မေမေ"
"မေမေ သက်သာပါတယ် သားရယ်"
"ဒီထက်ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ၊ သားမှာ ပိုက်ဆံ အလုံအလောက်ရှိပါတယ်"
"တကယ်ပါဆိုကွယ် မေမေ သက်သာတယ် စိတ်မပူနဲ့နော်"
"ငါတို့ အမကြီး Kim က ခေါင်းမာစရာမဟုတ်တာကို သိပ်ခေါင်းမာတာပဲ"
"ဒီကောင်လေးကတော့လေ လူကြီးကို"
"အဲ့တာဆိုလည်း မေမေနားလိုက်အုံး သားမေမေဆေးသောက်ဖို့ တစ်ခုခုပြင်ထားပေးမယ်"
"ဟုတ်ပါပြီကွယ်"Seungmin သူ့မိခင်ကို သက်သောင့်သက်သာ အနေအထားနဲ့ အိပ်စေပြီး အခန်းအပြင်ဘက်ထွက်လာခဲ့သည်။
နိုးရင် ဆေးသောက်ဖို့လည်း တစ်ခုခု ပြင်ရအုံးမည်ဖြစ်သည်။
တစ်ခါမှ မီးဖိုချောင်မဝင်ဖူးပေမဲ့လည်းပေါ့(✯✯✯✯)
Yongbok ကျောင်းရောက်ထဲက ကိုကို့ကို မတွေ့သည့်အတွက် စိတ်မပျော်နေပါ။
ကိုကိုက ဒီနေ့စာလည်း လာမသင်သလို သူ့ဆီလည်း မလာတာကြောင့် လွမ်းနေပြီ ဖြစ်သည်။ဆရာမဆီကို သွားပြီးမေးကြည့်တော့ ကိုကိုက ကျောင်းမလာပဲ ခွင့်ယူထားတာတဲ့လေ။
ကိုကိုမေမေကလည်း နေမကောင်းဘူးတဲ့။Yongbok, Seungmin နဲ့ အတူမရှိရတဲ့ ရက်မို့ထင်ပါရဲ့ စာလည်းလိုက်မကြည့်သလို , စိတ်လည်းမဝင်စားသည့်ပုံ။
ကလေးတွေများ လူတစ်ယောက်ကိုပဲ ကပ်တွယ်နေတက်တာ ။ ထိုသူမှ မဟုတ်ရင် မဖြစ်ဘူးတဲ့လေ။