ဒီနေ့ Yongbok ရဲ့ ကျောင်းပိတ်ရက်ဖြစ်တာက တစ်ကြောင်း Minho လည်း သူ့သားကို အချိန်ပေးချင်တာကြောင့် နှစ်ယောက်အတူ လျှောက်လည်ဖို့ ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ပြီးတော့ Yongbok ကို သူ့အမေ့ဘက်က အဖွးဆီခေါ်သွားဖို့လည်းတွေးထားသေးသည်။
ဘာပဲဖြစ်ဖြစ်ပါလေ အဖွားနဲ့ မတွေ့ရတာလဲ ကြာနေပြီမလား။"ပြီးပြီလား သားသား"
''ပြီးပြီ ဖေဖေ"
Minho တို့ အိမ်ထဲက ထွက်ခါနီးမှာ"သား"
"ဗျာ မေမေ"
"မေမေ ပြောထားတဲ့ ကိစ္စကို တစ်ခါထဲ စကားပြောကြည့်ခဲ့နော်"
"ဘယ်ဟာ......အာ ကျွန်တော် နားလည်ပြီ၊ စိတ်ချပါ"
"အေးပါ မြေးလေးရော သားရော ဂရုစိုက်ပြီးသွားကြနော်"Yongbok ဒီနေ့တကယ်ပျော်နေပုံရပါသည်။ အဖေဖြစ်သူနဲ့ ဒီလိုမသွားရတာ အတော်ပင်လည်း ကြာနေပါပြီ။
"ဖြေးဖြေးဆော့ပါ သားရယ် ချွေးတွေပျံကုန်ပြီ"
"မေမေလာရင် နောက်တစ်ခေါက် တူတူလာကြမယ်နော်"
"ဟင်....အင်း မေမေလာရင်"Yongbok ကို ချွေးသုတ်ပေးနေတဲ့ လက်တွေ တစ်ခန လေထဲ ရပ်တန့်ကုန်ရသည်။
Yongbok စကားကြောင့် Minho မေ့ထားတဲ့ ကိစ္စက ခေါင်းထဲပြန်ရောက်လာတော့သည်။
ဘယ်သူ့ကို တူလို့ဒီလောက်ဇွဲကောင်းနေရတာလဲ ဒီကလေး။"ဒါပေါ့ ဖေဖေရယ် မေမေရယ် သားရယ် အတူတူ လာကြမယ်"
"ပျော်စရာကြီးနေမှာနော် အဲ့အချိန်ကျ"
"ပျော်စရာကြီးပေါ့ ၊ သားသားပျော်ရင် ပျော်စရာကြီးဖြစ်နေမှာ""ဖေဖေတို့ နောက်ထပ် ဖွားဖွားတစ်ယောက်ဆီ ဝင်ကြမလား သား"
"ဟုတ် ဝင်မယ်၊ သားသားက ဖွားကို တွေ့ချင်နေတာ"Yongbok ကလေ သူ့သွေးကိုတော့ အတော်ပင်သိပါသည်။အနေဝေးနေတာတောင် သူ့အမေဘက်က အမေကိုလည်းချစ်သလို ရင်းနှီးလွယ်နေသေးသည်။ အနေစိမ်းခြင်းတောင်မရှိပေ။
အမေချစ်သားလေး။(✯✯✯✯)
ကားရှေ့ကို ရုတ်တရက်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် Minho ဘရိတ်ကို အမြန်အုပ်လိုက်ရသည်။
Yongbok ကတော့ အိပ်နေတာကြောင့် ဘာမှ မသိလိုက်ပေ။Minho စိတ်တိုတိုဖြင့် ကားပေါ်က ဆင်းကာ ထိုသူအား
"ဟေးး ကားတိုက်ရင်သေတက်တယ်။ သေချင်လို့ ဝင်တိုးတာလား"