မင်္လာပွဲကို ကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘူး
ဟုပြောလာတဲ့သူကြောင့် အကျဉ်းချုံးကာ စီစဉ်လိုက်ရသည်။အကျဉ်းချုံးဟု ဆိုသော်လည်း အသိမိတ်ဆွေများတဲ့အပြင် လုပ်ငန်းရှင်တစ်ယောက်မို့ ဖိတ်ထားသည့် လူပဏာမမှာ အကျဉ်းချုံးပွဲဟု ပြော၍မရတော့ပေ။
တစ်ဆတစ်ဆများလာတဲ့ လူပမာဏကြောင့် Seungmin တစ်ယောက် နှုတ်ခမ်းစူကာ Minho ကို ကောက်တော့သည်။
"လူတွေ အများကြီး မဖိတ်ပါဘူးဆို"
"Seungmin ကလည်း ကိုယ့်ရဲ့ နယ်ပယ်က ကျယ်ပြန်တာမို့ ခင်တဲ့သူတွေပဲ ဖိတ်ထားတာပေမဲ့ အရမ်းများသွားတာ နားလည်ပေးနော်"အခုလိုချော့ပြောတော့လည်း ကြာကြာစိတ်မဆိုးနိုင်ပါဘူးလေ။ နဂိုထဲကမှ သူ့ဆီ အရှုံးပေးထားရတာမလား။
"သတို့သားက နှုတ်ခမ်းစူ စိတ်ကောက်နေလို့မဖြစ်ဘူးလေ။"
"အင်းပါ အင်းပါ ကျွန်တော် စိတ်မကောက်တော့ဘူး"
*ပြွတ်စ်*
Seungmin စကားအဆုံး နှုတ်ခမ်းကို နမ်းလိုက်တဲ့သူကြောင့် Seungmin မျက်စောင်းထိုးကာကြည့်လိုက်သည်။
မင်္ဂလာချိန် နီးလာတာနဲ့ အတူ Seungmin စိတ်တွေလည်း ပိုလို့ လှုပ်ရှားလာရသည်။
သူက လူရွေးမမှားခဲ့ဘူးမို့ ဒီဘဝ သတ်တမ်းတစ်လျှောက်မှာ ချစ်ရသူနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမည်ဟု ယုံကြည်ပါသည်။>>>>>>>
"ကျန်းမာသည်ဖြစ်စေ၊ နာဖျားသည်ဖြစ်စေ၊ သစ္စာရှိရှိနဲ့ ပေါင်းသင်းသွားမည်ဟု ဂတိပြုပါသလား"
"ကျန်းမာသည်ဖြစ်စေ၊ နာဖျားသည်ဖြစ်စေ၊ သစ္စာရှိရှိနဲ့ ပေါင်းသင်းသွားမည်ဟု ဂတိပြုပါသည်။"
"နှစ်ဦးနှစ်ဖက် အကြင်နာ ပေးနိုင်ပါပြီ"သူအကြိမ်ကြိမ် နမ်းခဲ့ဖူးသော ထိုနှုတ်ခမ်းပါးပါးလေးဟာလည်း ယခုအချိန်ကျမှ ပိုပြီး ပန်းရောင်သမ်းကာ လှနေသလိုပင်။
Seungmin ဟာ သူမြင်ဖူးခဲ့သမျှထဲ ယနေ့မှာ အလှဆုံးဖြစ်နေသည်။
သူ့အပိုင် ဖြစ်လာမဲ့ သူလေးမို့ ကြည့်ကာ ကြည်နူးရပြန်သည်။နူးအိနေမည့် နှုတ်ခမ်းလေးကို ထိကပ်ရန် ရှေ့ကိုတိုးမိတော့ သူ့မျက်လုံးတွေကို မှိတ်ချလိုက်တဲ့သူကြောင့် သဘောကျရပြန်သည်။
လှုပ်ရှားမှုတစ်ခုချင်းဆီကစ သူ့အမျိုးသားလေးက ချစ်စရာကောင်းနေတာ။