"Yongbok လေးအဲ့တိုင်းဆက်ဆော့နေရင် ပြုတ်ကျတော့မယ်လေ မြေးလေး အောက်ဆင်းလာခဲ့နော်"
"မဆင်းချင်ဘူး ဒီပေါ်မှာ ဆော့ရတာ ပျော်ဖို့ကောင်းတယ် ဖွားဖွားကလည်း"အိမ်နောက်က ပန်းခြံထဲက သိပ်မြင်တဲ့ သစ်ပင်ပေါ်ကို Yongbok တက်ဆော့နေခြင်းဖြစ်သည်။
လူကြီးတွေအတွက် သိပ်မမြင်ပေမဲ့ ၅နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ မြင့်သည်ဟုဆိုရပေမည်။
ပြုတ်ကျရင်လည်း ခြေကျိုးရင်ကျိုး မကျိုးရင် လက်ကျိုးမည်ဖြစ်သည်။ နှစ်ခုလုံးမဖြစ်ရင်တော့ ခေါင်းကွဲလိမ့်မည်ဖြစ်သည်။ဒီနေ့ကျောင်းပိတ်ရက် အိမ်မှာအဘွားနဲ့ နေခဲ့ခြင်းဖြစ်သည်။
Minho ကလည်း company ကိုသွားတာကြောင့် အိမ်မှာ အဖိုးရယ် အဖွားရယ် Yongbok သာကျန်နေခဲ့ခြင်းဖြစ်သည်။လူကြီးတွေအလစ်မှာ ပန်းခြံဘက်ကိုထွက်လာပြီး သစ်ပင်ပေါ်ရောက်သွားခြင်းဖြစ်သည်။
Yongbok ကဆော့ရင်လည်း အတော်ပင်ရှာရှာပေါက်ပေါက်ဆော့တက်သေးသည်။
Yongbok အဖွားမှာ ဆင်းလာဖို့ ဘယ်လိုမှ ပြောမရတာကြောင့် သူ့အဖေဆီကို ဖုန်းဆက်ဖို့ အိမ်ထဲ ဝင်လာခဲ့သည်။
ဖုန်းပြောနေစဉ် ခြံဘက်က Yongbok အော်သံကြောင့် သွားကြည့်တော့
သေချာပေါက် သစ်ပင်ပေါ်က ပြုတ်ကျပြီး အော်ငိုနေခြင်း ဖြစ်သည်။ခြေထောက်ကို ကိုင်ထားတာကြောင့် သေချာပေါက် ခြေထောက်ကျိုးသွားပြီ ဖြစ်သည်။
"အီးးဟီးးး ဖွားဖွား သားသားခြေထောက်ကြီး အရမ်းနာတယ်"
"မြေးကို ဖွားဖွားပြောတယ်လေကွယ်၊ အခုတော့ပြုတ်ကျပြီ"
"အားးနာတယ်လို့"အော်ငိုနေတဲ့ Yongbok ကြောင့် ဘာလုပ်ပေးလို့ လုပ်ပေးရမလဲ ဆိုတာ တကယ်ပင်မသိတော့ချေ။
မကြာပါ Yongbok ရဲ့ အဖေရောက်လာပြီး ပန်းခြံဘက်ကို ပြေးဝင်လာခဲ့သည်။
မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲ ငိုနေတဲ့ သားကိုမြင်တော့ သနားလာတော့သည်။"ဖေဖေ သားသားခြေထောက်ကြီး အရမ်းနာတယ်"
"အရမ်းနာနေလား ဖေဖေတို့ ဆေးရုံသွားကြမယ်နော်"ထိုအခါမှာ ခေါင်းကို တစ်ဆက်ဆက်ညိတ်ပြလာတဲ့ Yongbok
Minho, Yongbok ကို ပွေ့ချီပြီး ကားရှိရာကိုသွားလိုက်သည်။
ကားပေါ်ကို အသာချကာ ဆေးရုံကို သွားဖို့ပြင်ရတော့သည်။