"Yongbok ကို ဖေဖေက မေးစရာရှိတယ်"
"ဘာလဲဟင်"
"Yongbok က မေမေပြန်မလာရင်ရော နေနိုင်လား"
"ဖေဖေ ဂတိပေးထားတယ်လေ၊ မေမေက ပြန်လာမှာလို့"Yongbok စကားကြောင့် ဆက်ပြောစရာ စကားလုံးလည်း ရှာ၍ ရမနေပေ။
Minho ရယ် Seungmin ရယ်က တွဲနေပြီမို့ Yongbok ရဲ့ သဘောထားကိုလည်းသိဖို့လိုသည်။
Minho သူ့စိတ် ဆန္ဒတစ်ခုအတွက် သားကိုလည်း စိတ်ဒဏ်ရာ မရစေချင်
ဒီလိုဆို Seungmin ကို လက်လွှတ် ခံမှာလားဆိုတော့လည်း မဟုတ်ပြန်။"သားမေမေကလေ......"
"အကို"အကိုဆိုတဲ့ ခေါ်သံနဲ့အတူ ခေါင်းယမ်းပြလာတဲ့သူ
စကားပြောဖို့ကြိုးစားနေတဲ့ Minho ကို Seungmin ဟန့်တားမိသည်။
ဘယ်စကားကို ပြောမယ်ဆိုတာ Seungmin သိနေသည်။"မေမေက ဘာလဲဟင် ဖေဖေ"
"ဟင့်အင်း ဘာမှ မဟုတ်တော့ဘူး၊ သားသားသွားဆော့တော့နော်"
"ဟုတ်...ကိုကိုရော တူတူဆော့မှာလား"
"ကိုကိုပြီးရင် လာခဲ့မယ် အရင်ဆော့နှင့် Yongbok "သူတို့ထိုင်နေတဲ့ နားကနေ Yongbok ထွက်သွားတော့မှာ Seungmin Minho ဘက်လှည့်ကာ အကြည့်ချင်းဆုံလိုက်သည်။
Seungmin မျက်ဝန်းထဲက ဝမ်းနည်းရိပ်တွေကို သတိထားမိတဲ့ Minho က
"သားကို အမှန်တိုင်း ကိုယ်တို့ပြောကြရအောင်"
"ဟင့်အင်း.... Yongbok က ငယ်သေးတယ်၊ သူအရွယ်က ဒါတွေကို နားလည်နိုင်တဲ့ အရွယ်မဟုတ်သေးဘူး...ပြီးတော့ Yongbok အတွက် လိုတာက အမေတစ်ယောက်ပဲ"Yongbok က တကယ်တမ်းသူ့ကို မလိုအပ်ဘူးဆိုတာ သိရတာက အရမ်းဝမ်းနည်းဖို့ကောင်းသည်။ ကိုယ်တိုင်က သူ့အတွက် ဆရာတစ်ေယာက်သူငယ်ချင်းတစ်ယောက် ဖြစ်နိုင်ပေမဲ့
အမေတစ်ယောက်နေရာ အစားဝင်ပြီး အုပ်ထိန်းခွင့်ရတဲ့ သူတော့ မဖြစ်နိုင်ပေ။Yongbok နေရာကို အစားဝင်ကြည့်ရင်တောင်
ခံစားမိတာမို့ ရှေ့ဆက်တိုးဖို့လည်း မရဲပေ။Seungmin စကားတွေကြောင့် Minho အားနာရသည်။ သူကိုယ်တိုင်ခေါ်သွင်းထားမိတဲ့အတွက် ထိုကောင်လေး ဝမ်းနည်းတာကိုလည်း မမြင်ချင်ဘူး။
သူကိုယ်တိုင်ကလည်း Seungmin ကို ချစ်သည်။