"သားသားက ကိုကိုနဲ့ ခုလို လျှောက်လည်ရတာကို အပျော်ဆုံးပဲ"
"အွင်း ကိုကိုရောပဲ ပျော်တယ်"Yongbok ဆေးရုံက ဆင်းထဲက ဘယ်မှ မသွားရလို့ သွားချင်ပါတယ် ပြောတာကြောင့် စကားကွင်းကို လိုက်ပို့ခြင်းဖြစ်သည်။
လမ်းရောက်မှ Seungmin ကိုပါ သွားခေါ်ပေးဟု ပြောလာတာကြောင့် မငြင်းသာတဲ့ အဆုံး
Seungmin ကို ဝင်ခေါ်ပြီး ၃ယောက်အတူဆူ လာခဲ့ခြင်းဖြစ်သည်။ဒီရောက်တော့ Yongbok, Minho ကိုမေ့သွားပြီဖြစ်သည်။
ဘေးက Seungmin နဲ့ပဲပျော်နေတာ သူကို ပါလာတယ်လို့တောင် သတိရတော့မယ်မထင်။"ပင်လယ်ဓားပြစီးရအောင် ကိုကို"
"အင်း စီးမယ်.... Yongbok ဖေဖေ့ကိုရော ခေါ်လိုက်အုံးလေ"Seungmin, Minho ကို တစ်ချက်ကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။
"ဖေဖေ သားသားတို့နဲ့ ပင်လယ်ဓားပြလိုက်စီး"
"အင်း Yongbok လေးသဘော"ဒီလိုနဲ့ ၃ယောက် အတူတူ စီးဖို့ အပေါ်ကို တက်လာခဲ့ကြသည်။
နေရာကတော့ အလယ်လည်းမကျသလို ထိပ်ဆုံးနဲ့လည်း မနှီးပေ။
သို့သော် တစ်ဖြေးဖြေး လွှဲချက်တွေကနေ အရှိန်ရလာတော့ အတော်ပင်မြင့်မြင့်ထိရောက်နေသလို ခံစားနေရသည်။
Seungmin လည်း ကြောက်စိတ်ကို ထိန်းပြီး Yongbok ကို ဖက်ကာ အကျယ်ကြီးအော်ချပြစ်လိုက်တော့သည်။၃ယောက်သား ဆူညံနေအောင် အော်ပြီး အောက်သို့ရောက်လာတော့သည်။
Seungmin အောက်သို့ရောက်လာမှသာ စိတ်အေးနိုင်တော့သည်။
သူအသက်ပင်မရှိတော့ဘူးဟု ထင်ထားတာလေ။ဒါကို သတိထားမိတဲ့ Minho က သူတို့သောက်ဖို့ ရေဘူးသွားဝယ်မယ်ဆိုပြီး ထထွက်သွားလေသည်။
အတန်ကြာထိ သူတစ်ယောက်ထဲ ကျန်ခဲ့တာမို့ Seungmin မျက်လုံးကလည်ကလည်ဖြင့် လိုက်ရှာနေမိသည်။
ပြောရရင် သခင်ပျောက်နေတဲ့ ခွေးပေါက်လေးလိုပေါ့။Minho ပြန်ရောက်လာပြီး Seungmin ကိုရေဘူးကမ်းပေးလိုက်သည်။
Seungmin လည်း ရေဆာနေတာမို့ သူပေးတဲ့ ရေဘူးကိုယူကာ သောက်နေလိုက်သည်။ဒီအချိန်ထိ သူတို့ Yongbok ကိုသတိမထားမိသေးပေ။
"Yongbok ရော"
"ဟင် အတူတူ ပါသွားတာ မဟုတ်ဘူးလား"
"မဟုတ်ဘူး Yongbok နေခဲ့တာ"
"ဗျာ"
'' Yongbok ပျောက်သွားပြီ"