Baby's Daddy 9

186 26 1
                                    

"Inလေးက အိမ်တောင်မလာတာကြာပြီ ဘယ်က လမ်းမှားလာတာလဲ"
"တီတီကလည်း သားက လွမ်းလို့လာတာပါ"
"အပိုတွေပါ မင်းအကိုနဲ့ ဘာထူး"

အမျိုးသမီးကြီးက ရုတ်တရက် ရပ်တန့်သွားရှာသည်။
သူ့မလည်း သူ့မရဲ့သားကို မလွမ်းဘူးပြောရင် လိမ်ရာကျပါလိမ့်မည်။
ပြန်ပြင်လို့ရတဲ့အမှားသားဆို သားရဲ့ ဆန္ဒတွေကို လက်ခံပေးပြီး သားကို ဘယ်မှထွက်မသွားအောင် တားနိုင်ခဲ့မှာ

"Hyung က လက်ထပ်တော့မယ်ပြောတယ်၊ ပြီးတော့Hyung က တီတီ အဆင်ပြေလားဆိုတာ ကျွန်တော့်ကို လာကြည့်ခိုင်းလိုက်လို့"
"အင်း တီတီ အဆင်ပြေတာပေါ့၊ I.Nလေးကပဲ သားအကိုနဲ့တွေ့ရင် အဆင်ပြေနေကြောင်းပြောပေးနော်"
"Hyung အတွက် စိတ်ပူနေတာဆိုရင်၊ စိတ်မပူပါနဲ့ ၊ Hyung နဲ့ လက်ထပ်မဲ့သူက လူကောင်းတစ်ယောက်ပါ၊ Hyung ကိုချစ်လည်းချစ်ပါတယ်"
"တီတီ သိတာပေါ့၊ လူကောင်းတစ်ယောက်ဆိုတာ၊ ဒါပေမဲ့လည်း သားအပေါ်ထားတဲ့ အတ္တကြောင့် လက်မခံပေးနိုင်ခဲ့တာပါ၊ အခုချိန်ကျမှတော့လည်း တီတီ လက်မခံလို့မှ မရတော့ပဲ"

သားတစ်ယောက်လုံးက အမေတစ်ယောက်ရဲ့စိတ်ကို မခန့်မှန်းနိုင်တာ အံ့ဩပါတယ်။
သူမဟာ သူ့ရဲ့ တစ်ဦးတည်းသော သားလေးကို ကြာကြာများ စိတ်ဆိုးနိုင်မလားလေ။
အိမ်ကိုတောင်ပြန်မလာပဲ အမေတစ်ယောက်လုံးပြစ်ထားပြီး နေနိုင်လိုက်တာ Kim Seungmin တစ်ယောက်။

>>>>>>>>>>>

"ရေချိုးမယ် Yongbok"
"မချိုးဘူး၊ အားပါးချိုးပေး၊ ဖေဖေချိုးပေးတာ မခံချင်ဘူး"
"‌ဖေဖေက ဘာဖြစ်နေလို့လဲ"
"ဖေဖေက ခေါင်းလျှော်ရင်လည်း အကြမ်းကြီးလျှော်တယ်၊ ဂျီးတွန်းတာလဲ နာတယ်"

Lee Yongbok ရယ် အသက်ငါးနှစ်ထိ ဒီအဖေက လုပ်ပေးလာရတာကို အခုမှ ဖြစ်နေလိုက်တာကွာ

"အားပါးက မအားဘူးလေ ၊ ဖေဖေပဲ အားတာ"
"အဲ့တာဆို မချိုးဘူး"
"ဟုတ်ပြီ အားပါးကို သွားခေါ်ပေးမယ်"

Minho Seungmin ကို သွားခေါ်ဖို့ အခန်းအပြင်ထွက်ရန် ပြင်‌နေစဉ်မှာပဲ သူ့ရဲ့ Seungmin က အခန်းထဲ ဝင်လာတော့သည်။

"ဒီသားဖတွေ ရေချိုးမှာဆို အခုထိလည်း မချိုးကြသေးဘူးလား"
"Yongbok ပေါ့ Seungmin ချိုးပေးမှတဲ့လေ"
"ဟုတ်လား အဲ့တာဆို ကျွန်တော်ပဲ ချိုးပေးလိုက်မယ်"

Baby's Daddy Where stories live. Discover now