"ကျွန်တော် အကို့နောက်ပဲ လိုက်သွားမှာမေမေ"
"သဘောမတူဘူးလို့ ပြောထားတယ်လေ၊"
"တစ်ချိန်လုံးသားလိမ္မာလုပ်ခဲ့ပြီးပြီမို့ တစ်ခေါက်လောက် ဆိုးကြည့်မယ်မေမေ။"
"နောင်တမရဖို့ မေမေမျှော်လင့်တယ်"
''အကို့က ကျွန်တော့်ကို နောင်တဆိုတဲ့ အရာကို မပေးဘူးဆိုတာ ကျွန်တော်ယုံတယ်"Seungmin ရဲ့ အိမ်မှာ Seungmin နဲ့ သူ့ရဲ့မိခင် စကားအခြေအတင် ဖြစ်နေကြသည်။
မိခင်တစ်ယောက်က သူ့သားအတွက်တော့ အတ္တကြီးခွင့်ရှိသည်ဟု ထင်မိသည်။
သူမ Yongbok လေးကိုလည်း ချစ်ပါသည်။
သံယောဇဉ်လည်းရှိသည်။ Yongbok အဖေကို သူ့မရဲ့သားနဲ့ ပတ်သတ်ချက်တွေသာ မရှိရင် တူအရင်းတစ်ယောက် သားအရင်းတစ်ယောက်လို မေတ္တာထားနိုင်ပါသည်။ဒီကိစ္စမှာ တစ်ခြားသံယောဇဉ်တွေထက် သားအရင်းရဲ့ သံယောဇဉ်ကသာ အရေးကြီးသည်။
ကလေးတစ်ယောက် အဖေနဲ့ ရော့အင့် လက်ထပ်ပါဆိုပြီး မေတ္တာရှင်မကြီး လုပ်မပေးနိုင်ဘူး။
သားမှာ အနာဂတ်ရှိသည်။ ငယ်ရွယ်မှုနဲ့ ရည်မှန်းချက်တွေ ရှိသည်။ ကလေးအဖေတစ်ယောက်ဆီမှာ ဒီလိုမျိုး အဆုံးသတ်ဖို့မှ မဟုတ်တာ။"Seungmin ကိုယ်တို့ အချိန်ယူ စဉ်းစားလိူ့ရသေးတယ်"
Minho က Seungmin တို့ သားမိကြားကို ဝင်ပြီးဖျန်ပြေကြည့်ပါသော်လည်း မီးခဲက အရှိန်မသေပဲ ပိုကာ တောက်လောင်လာသည်။
"မစဉ်းစားဘူး သွားကြစို့ အကို"
Minho လက်ကိုဆွဲပြီး Seungmin မေမေ့ကို နှုတ်ဆက်ကာ အိမ်ထဲကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်လာခဲ့သည်။
သူ့အသက်တစ်လျှောက်လုံး မေမေ့ကို အဆိုးဆုံးဆက်ဆံမိတာ ဒါက ပထမဆုံးအကြိမ်သာ။ကားပေါ်ကိုရောက်တော့ Seungmin က ငိုချလိုက်တော့သည်။
"ကိုယ်ပြောတယ်လေ အချိန်ယူပြီး နားချလို့ ရတယ်လို့"
"အဟင့် ကျွန်တော် အမေ့အပေါ်ကို အခုလို ဆက်ဆံမိခဲ့တာ တကယ်သားမိုက်ပဲ"သူ့ကိုယ်သူ အပြစ်တင်ကာ ငိုနေတဲ့ သူကြောင့် ဆွဲပြီးဖက်ကာ ကျောလေးကိုပွတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
"Seungmin က သားမိုက်မဟုတ်ပါဘူး၊ ကိုယ့်အတွက်တော့ သတ္တိရှိတဲ့သူပဲ၊ "
"မေမေ အရမ်းစိတ်မကောင်းဖြစ်နေတော့မှာပဲ ကျွန်တော်ကြောင့်"
"စိတ်မကောင်းဖြစ်မှာ မှန်ပေမဲ့၊ Seungmin ကနောက်ကျရင် သေချာတောင်းပန်လို့ရတယ်လေ"
"ကိုယ်ဂတိပေးတယ်။ Seungmin အတွက်နောင်တမရစေရဘူးဆိုတာ၊ Seungmin မေမေ့ကို ကိုယ်သက်သေပြမယ်။ ကိုယ့်ကိုရွေးချယ်ခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာကို"