"Seungmin က ရထားတဲ့ ဘွဲ့တွေကလည်းများ
တာပဲ"
"ဟုတ်"
"Jeongin ရဲ့ အကိုဝမ်းကွဲနော်"
"ဟုတ်ပါတယ်"
"အဓိက၊က ကလေးတွေကို နုနုညံ့ညံ့ ဆက်ဆံရမယ်၊ ရိုင်းစိုင်းတဲ့အပြုအမူ ၊စကားတွေကို တက်နိုင်သလောက်ရှောင်ရမယ်၊ ကလေးတွေက ဒီအရွယ်မှာ လူကြီးတွေဆီက အမူအရာ စကားတွေကို သင်တာဆိုတော့ သင်ပြမဲ့ဆရာကလည်း ယဉ်ကျေးနေမှ ရမယ်၊
ဆရာ Seungmin နဲ့ ဒီအလုပ်နဲ့ အဆင်ပြေမယ်လို့ ယုံကြည် ဒါကြောင့်အလုပ်ခန့်မယ် Seungmin ကို"
"ဗျာ တကယ်ပြောတာလား ဆရာ၊ ကျေးဇူးတင်ပါတယ်၊ ဆရာထင်သလို အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ အာမခံပါတယ်"
"အဲ့တာဆို ဒီနေ့ပဲ အလုပ်စဆင်းလိုက်ပါ Seungmin "
"ဟုတ်ကဲ့"
"Jeongin ကပဲ ကျောင်းရဲ့နေရာတွေ လိုက်ပြလိုက်ပါ၊ ပြီးတော့ Seungmin ကို ဆရာမ yoonတို့ အတန်းမှာပဲ သင်ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာ"Seungminရယ် jeongin ရယ် ကျောင်းအုပ်ဆရာ ရုံးခန်းကနေထွက်လာပြီး Seungmin စာသင်ရမဲ့ အခန်းကို ရောက်လာခဲ့သည်။
"Hyung အလုပ်ရပြီဆိုတော့ ကျေးဇူးတင်စကားပြောတော့လေ"
"မှတ်ထားတာပဲ ၊ ကျေးဇူးပါ Jeongin, Hyung မင်းကြောင့်အခုလို အလုပ်ရခဲ့တာ"
"မဟုတ်တာ Seungmin Hyung ရာ၊ ကျွန်တော့်ကြောင့်မဟုတ်ပါဘူး Hyung ကတော်လို့ပါ"
"ဟားဟား ဟုတ်ပါပြီ ငါကတော်လို့"Seungmin, Jeongin ကိုတကယ်ကျေးဇူးတင်ပါသည်။ Jeongin ကြောင့်ပဲ အလွယ်တကူအလုပ်ရသွားသည်မလား။
စနောက်ခြင်မရှိသလို ရွဲ့ကာပြောခြင်းလည်း မဟုတ်ပါ။
သူလိုအားကိုးရတဲ့ညီလေးရှိနေတာကလည်း တကယ်ပင်ကောင်းသည်ဟုဆိုရမည်။"ဆရာမ Yoon အသစ်ရောက်တဲ့ ဆရာပါ"
"အို မင်္ဂလာပါရှင့်"
"မင်္ဂလာပါ Kim Seungmin လို့ခေါ်ပါတယ်"
"ဆရာကချောချောလေးပဲ၊ Jeongin လို ဆရာချောချောလေးနောက်တစ်ယောက်ရောက်လာတာပဲ"
"မဟုတ်တာ"ဆရာမ Yoon စကားကြောင့် Seungminရော Jeongin ရော အနည်းငယ်ရှက်သွားကြသည်။
"အဲ့တာဆို ကျွန်တော်သွားတော့မယ် Seungmin Hyung ''
"အင်း Jeongin"
"ဆရာမ Hyung ကို အပ်ခဲ့ပြီနော်၊ ကောင်းသောနေ့လေးပိုင်ဆိုင်ပါစေ"
"ဟုတ်ပါပြီရှင့် Jeongin လည်း ကောင်းသောနေ့လေးပိုင်ဆိုင်ပါစေ။"Jeongin ထွက်သွားတော့ ဆရာမyoon သူတို့ရောက်လာတုန်းကလို ပြုံးနေလျက်ပင်။ ကလေးတွေနဲ့ အနေများလို့လား ကျောင်းက ဆရာ ဆရာမ အပြုံးတွေက အရမ်းကို ကြည်လင်လှသည်။
အပြုံးချိုချို လေးတွေ သီကုံးထား သောနှုတ်ခမ်းပါးများဖြင့် Seungmin ကို စကားဆက်သည်။