[6]

19.6K 798 35
                                    

Unicode

"ချီးပဲကွာ! ငါ့ချီးပဲ!!"

အိပ်မပျော်နိုင်ပဲကြောင်နေသည့် မျက်လုံးတွေကြောင့် ဆဲဆိုလိုက်မိပြီး ထထိုင်လိုက်သည်။ထို့နောက် အခန်းပြင်ကိုထွက်ကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။မီးဖိုချောင်ထဲ ရေဝင်သောက်ပြီး ပြန်ထွက်လာတော့ ဆိုဖာပေါ်၌ ကွေးကွေးလေးအိပ်ပျော်နေသောသူကိုမြင်ကာ အလိုမကျဟန် ကျွတ်စ်သတ်မိပြန်သည်။

"တကယ်ကို မာနကြီးတဲ့ကောင် ရုပ်လေးလှသလောက် စောက်သုံးစားမရတဲ့မာနတွေလက်ကိုင်ထားတဲ့ကောင် အိပ်ပေါ့ အဲ့နေရာမှာပဲ"

ခြေလှမ်းတွေသည် ရှေ့သို့သာဆက်လိုက်ရင်း ဆိုဖာပေါ်၌ ကွေးကွေးလေးအိပ်ပျော်နေသည့်ကိုယ်လေးကို ကောက်ပွေ့လိုက်သည်။ပြီးနောက် အပေါ်ထပ်က သူ့အခန်းထဲက မွေ့ယာပေါ်ချပေးလိုက်ပြီး ဆောင်ကိုရင်ဘတ်အထိခြုံပေးလိုက်သည်။

"ကောင်းကျိုးမပေးတဲ့အလှလေးပဲ!"

သူ့ဆောင်နဲ့ခေါင်းအုံးကိုယူကာ အောက်ထပ်က ဆိုဖာပေါ်၌ သာကွေးလိုက်သည်။ ညကတည်းကကြောင်နေသည့်မျက်လုံးတွေသည် မကြာလိုက် အိပ်ပျော်သွားလေသည်။

မနက်ခင်းနေရောင်ခြည်သည် ဗက္က၏ မျက်နှာကိုထိုးလာတော့ ဆိုဖာပေါ်အိပ်ထားလို့ ညောင်းချိနေသည့်ကိုယ်ကို အကြောဆန့်လိုက်သည်။ညက ဘယ်လိုဖြစ်ပြီး ဆိုဖာပေါ် ရောက်နေသလဲတွေးမိတော့ ဗက္က၏မျက်နှာကမနက်စောစောတွင် မသာမယာဖြစ်လို့နေသည်။

မျက်နှာသစ်ပြီး မယ်ရှိသည့်မီးဖိုချောင်ထဲ ဝင်လာတော့ မယ်ကရှိမနေသည့်အပြင် မာနကြီးတဲ့ကောင်သာရှိနေသည်။

"ခဗျားက ဒီမှာဘာဝင်လုပ်နေတာလဲ"

"မျက်လုံးပါရင်ကြည့်လေ!"

ပေါင်မုန့်ကို ယိုနဲ့သုတ်ထားသည့် ပန်းကန်ကို စားပွဲပေါ်ချလိုက်တော့ ဗက္ကသည် တစ်ခုယူစားမလို့လုပ်လိုက်သည်။သို့သော် လက်ကိုဖတ်ခနဲအရိုက်ခံလိုက်ရသည်။

"ဟ ဘာလဲဗျ!"

"မင်းဟာမလို့လာထိနေတာလား အငတ်ကောင် စားချင် ကိုယ့်ဘာသာသွားလုပ်လေ"

"ဗက္က" [ Complete ]Where stories live. Discover now