[27]

15.1K 517 10
                                    

Unicode

နီရဲနေသည့် မျက်ဝန်းအစုံနှင့် ဝရံတာကနေ ဆေးလိပ်ဖွာနေသည့်လူတစ်ယောက်။ထိုသူအပေါ်ပိုင်းဗလာဖြစ်နေသည့်ကိုယ်ကို နောက်ကနေ သိုင်းဖက်လာသည့် လက်လှလှလေးတစ်စုံ။

"ဘာဖြစ်လို့အစောကြီးထတာလဲ ခွန်စိုင်း"

"ရေနွေးစပ်ပေးထားတယ် ကိုယ်နဲ့အတူချိုးမလား Ella"

"ခ်ခ် အဲ့လိုမျိုးဆို တို့က ကြိုက်တာပေါ့"

အနီရောင်သဘက်ပိုင်းလေးကို ရင်လျားထားသည့် Ella ကဆွဲဆောင်မှုပြင်းစွာ စိုင်းတေဇပိုင်ကို မျက်စပစ်ပြသည်။မပြုံးမရီ မျက်နှာထားနှင့် သူက Ella ကိုချီပွေ့ကာ နမ်းရှိုက်ရင်း ရေချိုးခန်းထဲဝင်သည်။ဤနေရာ ဤအရပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လူကုံထန်ရပ်ကွက်ရှိ အိမ်ခြံဝန်းတစ်ခုတွင်ဖြစ်သည်။

ကော့သောင်းနယ်စပ်၌မူ ဟူဒီ အမဲရောင်ကို မျက်နှာမမြင်ရသည်အထိ ခေါင်းစွပ်ချထားသည့်ကောင်လေးတစ်ယောက်သည် အမှောင်ရိပ်ကျကာ လူပြတ်သည့် လမ်းကြားလေးတစ်ခု၌ နံရံကို ကျောမှီထားရင်း လက်ထဲက စာရွက်ကိုကြည့်ကာ ခပ်တွန့်တွန့်ပြုံးလိုက်သည်။ထိုအပြုံးနောက် မထင်မရှားပါးချိုင့်ကလေးတစ်ခုက အသက်ဝင်စွာပေါ်လာပြီး စကားသံသည် ခပ်တိုးတိုး။

"ဒါဆို ဘန်ကောက်မြို့မှာပေါ့ အဟက်!!"

တိုက်ပွဲတစ်ဖန်အသက်ဝင်လာတော့မည့်အရိပ်အယောင်ကြောင့် ဗက္က တို့အိမ်တွင်လည်း အိမ်သူလေးသည် စိတ်တွေလေးလံကာ မောင့်ရင်ခွင်ထဲ ခွေဝင်လျက်ရှိလေသည်။
ဒီတစ်ခါ တိုက်ပွဲသည် သူနဲ့စိုင်းတေဇပိုင်မျက်နှာချင်းဆိုင် စီးချင်းထိုးရမည့် တိုက်ပွဲဖြစ်သလို နောက်ဆုံးအဆုံးအဖြတ်ဖြစ်သွားမည့် ပွဲလည်းဖြစ်သည်။သူဟာ စိတ်မပူပါ။ စိုင်းတေဇပိုင်ကို တထစ်ချသတ်မည်ဟု ဆုံးဖြတ်ထားသည့်ကောင်မို့ ဒေးကိုတောင် သတ်ခွင့်မပေးနိုင်ပါ။ ဗက္က အတွက်တော့ သူ့လက်နဲ့ကိုယ်တိုင် ငရဲပို့ပေးရမည့်သူက စိုင်းတေဇပိုင်မို့။

"ခေါင်းဆောင် နောက်တက်မဲ့မြို့တော်ဝန်အသစ်ကိုချပြတော့မှာပါ"

"ဗက္က" [ Complete ]Where stories live. Discover now