Extra

11.1K 406 25
                                    

Unicode

လက်ထဲ၌ ဝက်သားတစ်တွဲကို ဆွဲကိုင်လျက် ခြံထဲဝင်လာသော မောင့်ကိုတွေ့သည်နှင့် မြဲဟာ ရေတစ်ခွက်ပြေးခပ်လိုက်သည်။

"နေပူပါတယ်ဆို မောင်ရယ် ကြာအင်းအထိသွားခဲ့တာလား"

"ရပါတယ် မောင်ဘာမှမဖြစ်ဘူး ဒါနဲ့ သားကရော"

"နသန်လာခေါ်သွားတယ် မောင်ရယ်"

ဆတ်ခနဲလှည့်ကြည့်လာသော မောင့်အကြည့်တွေက အလိုမကျခြင်းများစွာနှင့်။

"စိတ်မပူပါနဲ့ ဘဘုန်းကျောင်းတင်ပါ"

"နသန်နဲ့က စိတ်မချပါဘူးကွာ"

"နသန်က သားကို လမ်းမှားပြမဲ့လူမျိုးမဟုတ်တာ သိရက်သားနဲ့မောင်ရယ်"

" အချစ်မသိသေးပါဘူးဗျာ မောင်တို့သားက စူးစမ်းချင်လွန်းတယ် နသန်မူမမှန်တာ သူသိရင် မရရအောင် စူးစမ်းမဲ့ကောင်မျိုး"

"အဲ့တာကျ မောင်နဲ့တူတယ်လေ"

"ဟ မောင့်သားပဲဗျ တူမှာပေါ့ တူလွန်းလို့ကို မောင်ထိန်းမနိုင်ဖြစ်နေတာ လူကသာ ဆယ့်လေးနှစ် အရပ်က မောင့်ကိုမှီတော့မယ် Zeus ဆိုတာနဲ့တင် သဗျာရွာဇော်ကြီးကိုဖြစ်လို့ကွာ"

သူ့သားကို အားမလိုအားမရပြောနေပုံက ရယ်တော့ရယ်ရသား။ သူ့ခြေရာလိုက်နင်းလို့ စိတ်တိုင်းမကျဖြစ်နေရှာတာ

"ဆူရက်တာလဲမဟုတ်ပဲနဲ့ မောင်ရယ် သားမျက်နှာညိုးရင်ကို မောင်မနေတတ်တာမလား"

မောင်ဟာ စကားပြန်မလာတော့ မြဲကိုကျောပေးကာကောက်သွားလေသည်။ မြဲသည် ရယ်ရမလား ငိုရမလားပင်မသိတော့။ သားကိုမမွေးခင်ကတော့ မြဲက ကလေးဆိုးပေါ့။ သားကိုလည်း မွေးပြီးရော သူက ကလေးဆိုးလုပ်သည်။ အသက်ငယ်တဲ့ယောကျာ်းတွေကိုလင်တော်ရတာများ မရှည်တဲ့စိတ်တွေပါ အင်္ဂါဂြိုလ်အထိ တက်ဆွဲဆန့်ထားရသည်။

"မောင်ကလည်း ရုပ်ကြီးကို မပုပ်နဲ့လေ မောင့်သားပြန်လာရင် မောင့်ကိုထပ်စနေဉီးမယ် ပြီးတော့ ဘုရင်လည်းပါလာတယ်တဲ့"

ဘုရင့်နာမည်ကြားတော့ မောင့်မျက်နှာဟာလေးနက်သွားလေသည်။ဘုရင့်ကိုမောင်မကြည်တာကအကြောင်းရှိသည်။ မိသားစုကိစ္စကြောင့် နသန့်ဆီမှာ Training ဆင်းနေသော ဘုရင်ပိုင်နက်သည် Zeus ရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်။ သူ့သားကိုတော့ဖြင့် သာမာန်လေးဖြစ်စေချင်တာ ဖခင်တစ်ဉီးရဲ့ ဖြူစင်တဲ့မေတ္တာပါ။

"ဗက္က" [ Complete ]Where stories live. Discover now