Unicode
'တောက် တောက် တောက်'
ရေစက်ကျသံသည် တစ်တောက်တောက်နှင့်။နှိပ်စက်ခံထားရသည့်လူတစ်ယောက်သည်လည်း ထိုင်ခုံပေါ်တွင် လက်နောက်ပြန်ကြိုးခြည်ခံထားရလျက်နှင့်။
"ကြားရလား ကောင်လေး"
ယောကျာ်းတစ်ယောက်အသံသည် ကြက်သီးထစရာကောင်းလောက်အောင် ထိုတိတ်ဆိတ်နေသည့်အခန်းထဲ ပဲ့တင်ထပ်သွားသည်။
"ငါ့ကွန်တိန်နာတွေကို မီးရှို့ဖျက်ဆီးချင်တိုင်း ဖျက်ဆီးလို့ရမယ်ထင်နေတဲ့ မင်းတို့ကို ဘယ်လိုသေခိုင်းရမလဲ ဟင်"
မျက်လုံးကို အဝတ်ဖြူတွေနဲ့ စည်းထားသဖြင့် မမြင်ရသည့်ထန် က ဟက်ခနဲရယ်သည်။သေချာသည်က သူ့ရှေ့ကလူသည် စိုင်းတေဇပိုင်ဖြစ်ဟန်တူပါသည်။ဒါဆို ထန်က ဖမ်းမိသွားတာပေါ့။စိတ်မပူပါဘူး ထန်ဆိုတဲ့ကောင်က သေရမှာကြောက်တဲ့ကောင်မဟုတ်ဘူးလေ။
"ဗက္က ဗက္က ဆိုတဲ့ကောင်က တကယ်ကိုမထင်ရက်စရာပဲ အဟွန်း! အညာသားဘဝကနေ ဒီအခြေအနေထိ ငါးနှစ်အတွင်းရုန်းကန်ခဲ့တာကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ဘာအတွက်လဲ "
ကြားနေရသည့် စကားတွေနှင့်အတူ စိုင်းတေဇပိုင်၏လက်ထဲတွင် လက်နက်တစ်ခုခုရှိဟန်တူပါသည်။ခေါင်းဆောင်ဟာ ဒီလိုမျိုး ခြောက်ခြားစရာလောကထဲဝင်ခဲ့ရတာဟာ ဘာအတွက်လဲ။ အဟက်! စိုင်းတေဇပိုင် ခေါင်းဆောင်မှ မဟုတ်ဘူး ငါတို့Hydra ဂိုဏ်းသားတိုင်းက မင်းကို အသေရရ အရှင်ရရ လိုချင်နေခဲ့တာ။ထိုသို့သော စကားတွေကို ထန်ဟာ တစ်ခွန်းမှမထွက် လှောင်ပြုံးများဖြင့်သာ ဟက်ခနဲရီလျက် စိုင်းတေဇပိုင်၏ စကားတွေကို တုံ့ပြန်သည်။ဒါဟာ သူစကားပြောဆိုဖို့ပင် မထိုက်တန်သော လူတစ်ယောက်ဟု ထန်က သတ်မှတ်လိုက်ခြင်းကြောင့်။
စိတ်အေးလက်အေးနှင့် စားပွဲပေါ် တင်ထားသော နှိပ်စက်သည့် ပစ္စည်းများကို တစ်ခုချင်းကိုင်ကြည့်ရင်း စိုင်းတေဇပိုင်က ထန်ဘက်ကို လှည့်ကြည့်သည်။ ပါးစောင်ကို လျှာနှင့်ပင်ထိုးနေသေးသောအကောင်သည် စောက်ကြောကြီးတဲ့ကောင်ဆိုတာ ကြည့်ရုံနှင့် သိနိုင်သည်။စိုင်းတေဇပိုင်ဟာ မြဲမရှိတော့ကတည်းက စိတ်တွေ မူမမှန်လေတော့ သူဟာ ဒေါသတွေထွက်လာဟန် ထန်ဆီ ခြေလှမ်းကျဲများနှင့် လျှောက်သွာကာ ပါးစောင်ကို လက်နှင့် ဖိကိုင်လိုက်သည်။
YOU ARE READING
"ဗက္က" [ Complete ]
Romanceစရိုက်ကြမ်းပြီး ဆဲဆိုသည်ကို မကြိုက်သော သူများအတွက် " ဗက္က " ကိုမဖတ်ပါနှင့်။ Sex အခန်းများပါဝင်သည့်အတွက် မကြိုက်ရင် မဖတ်ပါနှင့်။ Warning ပေးပါသည်။ ကိုယ့်အကြိုက်နှင့် မကိုက်ညီပါက Drop လိုက်ဖို့အကြံပြုပါတယ်ဗျ။ ဤ fiction သည် စိတ်ကူးယာဥ်သက်သက်ဖြင့် ဖန်တ...