[22]

17.1K 618 28
                                    

Unicode

"အကိုလေး အိမ်ထဲက အိမ်ပြင်မထွက်ပါနဲ့လို့ ခေါင်းဆောင်က မှာခဲ့ပါတယ်"

"အိမ်ရှေ့လေးတင်လေ ငါဘယ်သွားမှာမို့လို့လဲ"

"မရပါဘူးဗျ"

"ကျစ်* လုပ်ပြီ မောင်ကတော့"

မြဲသည် လှေကားကနေ ပြန်တက်ကာ အခန်းထဲပဲဝင်နေလိုက်သည်။မောင်သည် ရောက်ကတည်းက ထွက်သွားတာ ညပင်မှောင်နေပြီ ခုထိ မြဲဆီရောက်မလာသေးပါ။

"ခေါင်းဆောင်ကရော ဆွေရီ"

အနားသို့ရောက်လာသည့် ဆွေရီ့ကို ဒန်မေးလိုက်သည်။

"ခေါင်းဆောင်က အဆောင်Aမှာ သင်တန်းသားသစ်တွေကိုလေ့လာနေတယ် နေပါအုံး နင်ကဘာမို့လို့ အဲ့လောက်လိုက်ဂရုစိုက်နေတာလဲ စောက်ရူး ကိုယ့်နေရာကိုယ်သိ!"

ဆွေရီသည် ဒန်ကို မျက်စောင်းထိုးလိုက်ပြီး စကားတွေသည် စည်းလွတ်ဘောင်လွတ်။

"စကားကို ဆင်ခြင်ပြော ဆွေရီ မင်းက ခုမှ တဆင့်အောင်ထားတဲ့ သင်တန်းသားစီနီယာအဆင့်ပဲရှိသေးတာ ငါလိုကောင်နဲ့ တန်းညှိပေါင်းမယ်ဆိုရင်တောင် မင်းဟာ အများကြီး နိမ့်ကျသေးတယ် အခုလို အထင်မြင်သေးစကားတွေအတွက်ဆို မင်းကို အပြစ်ပေးပိုင်ခွင့်တောင် ရှိသေးတယ်
သွားစမ်း!! WD တစ်ကွင်းလုံးကို သန့်ရှင်းရေးသုံးရက်လုပ်ပြီး အဆောင်R မိန်းကလေးအိမ်သာ ကို တစ်ရက်ဆေးရမယ်!!! အပြင်မှာ ဘယ်သူရှိလဲ လာကြစမ်း!! ဒီမိန်းမကိုဆွဲခေါ်သွား!!!!"

"ဘာ နင်ကဘာစောက်ဆင့်နဲ့မလို့ အားးး ငါ့ကိုလွှတ်! ခွေးစောက်ဆင့်နဲ့ စောက်ကောင် နင့်ကိုခေါင်းဆောင်နဲ့တိုင်မယ် ခေါင်းဆောင်က ငါ့ကိုထိတာ ငြိမ်မယ်ထင်နေလား နင့်ကိုသတ်ပစ်ခိုင်းမယ် စောက်ခွေးကောင်တွေ ငါ့ကိုလွှတ်!!!"

အစောင့်များသည် ဆွေရီ့ကိုတရွတ်တိုက်ဆွဲခေါ်သွားသည်ကို ဒန်က ခပ်အေးအေးသာစိုက်ကြည့်နေလိုက်သည်။ဒီမိန်းမသည် ဒန် အမြန်ဆုံးလက်စသတ်ပေးရမည့်မိန်းမပင်။မဟုတ်ရင် အကိုလေးမှာအန္တရာယ်ရှိနိုင်သလို ခေါင်းဆောင်သည်လည်း စိတ်လွတ်နိုင်သည်။ခေါင်းဆောင်တို့အတွဲကြား ဘယ်တတိယလူကိုမှ ဒန်က အဝင်ခံမည်မဟုတ်။

"ဗက္က" [ Complete ]Where stories live. Discover now