Unicode
"ကျုပ်နာမည် နသန်ရီရယ်လ် ဗက္ကပါ"
ကမ်းပေးလာသည့် လက်ကိုဆုပ်ကိုင်လိုက်ပြီး စိုင်းတေဇပိုင်က တစ်ဖက်လူကိုသေချာအကဲခတ်သည်။
"ကျတော် စိုင်းတေဇပိုင်ပါ"
Party သည် အသက်ဝင်နေဆဲဖြစ်ပြီး Hydra ဂိုဏ်းဆက်ခံသူကိုလည်းကြေညာပြီးပြီဖြစ်သည်။စားပွဲခုံရှည်ကြီး၏ထိပ်ဆုံးတွင် ထိုင်နေသော အသက် 40 နီးပါးရှိသည့် လူသည် ရွှေရောင်မျက်မှန်ကိုင်းကို လက်ညိုးနဲ့အသာပင့်တင့်လိုက်ပြီး ရှေ့မှ နှစ်ယောက်ကိုကြည့်လိုက်သည်။
"Hydra Party ကို တက်ရောက်လာပေးလို့ ခဗျားတို့အားလုံးကို ကျေးဇူးပါ"
ရှိရင်းစွဲအသက်ထက်နုပျိုသည့် နသန်ရီရယ်လ် အိုမင်တန်သည် တည်ငြိမ်ကာ ရှင်းလင်းနေသည့်အသံဖြင့် စတင်သည်။
"မထင်ထားဘူးဗျာ နိုင်ငံကြီးက အင်အားကြီးဂိုဏ်းတစ်ခုက မြန်မာကို ပြောင်းရွှေ့မယ်လို့!"
ကောက်ကျစ်စဉ်းလဲသည့် မျက်ဝန်းမှေးတွေနှင့် ထိုလူက အိုမင်တန်ကို လေးစားစွာကြည့်ကာ စကားစသည်။ကျန်သည့် သူများကလည်း အိုမင်တန်ရဲ့အသိမှတ်ပြုမှုကိုလိုချင်ကြတော့ မြှောက်ပင့်သည့်စကားများသာပြောဆိုကြသည်။ထိုအထဲတွင် တိတ်ဆိတ်နေသူသည် စိုင်းတေဇပိုင်ဖြစ်ပြီး သူသည် လက်ထဲရှိ ဝိုင်ခွက်ကို အသာလှည့်နေရင်း မျက်နှာချင်းဆိုင်ခုံတွင် အေးစက်စက်အော်ရာတွေထုတ်လွှတ်ကာ ထိုင်နေသော နသန်ရီရယ်လ် ဗက္က ကို လှမ်းကြည့်လိုက်သည်။ထိုကောင်ကို စိုင်းတေဇပိုင်မြင်ဖူးနေသလိုရှိပြီး စိတ်ထဲတွင်လည်း ထိုလူနှင့်ပတ်သက်ပြီး လုံးဝကို အန္တရာယ်ဟုသိနေသည်။တကယ်ကို သွားမထိသင့်သည့် လူတစ်ယောက်ဆိုတာ ထိုလူ၏မျက်ဝန်းကိုကြည့်ရုံနှင့်သိနိုင်သည်။
"ဒီနေ့ည Party မှာ ကျတော်ခနပဲ နေဖြစ်မှာပါ ကျန်တာကတော့ ဂိုဏ်းကိုပိုင်ဆိုင်သွားပြီဖြစ်တဲ့ ခေါင်းဆောင် ဗက္ကနဲ့ဆွေးနွေးကြပေါ့"
အိုမင်တန်ပြောသည်မှာ ရှင်းသည်။သူ့အနေနဲ့ Hydra ဂိုဏ်းဟာ မသက်ဆိုင်တော့ကြောင်း သွယ်ဝိုက်ပြောလိုက်သလိုဖြစ်ပြီး Hydra နှင့် မိတ်ဖွဲ့လိုသည့် လူများကတော့ ဂိုဏ်းခေါင်းဆောင် အသစ်ဖြစ်သည့် ဗက္ကနှင့်သာသက်ဆိုင်တော့ကြောင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
YOU ARE READING
"ဗက္က" [ Complete ]
Romanceစရိုက်ကြမ်းပြီး ဆဲဆိုသည်ကို မကြိုက်သော သူများအတွက် " ဗက္က " ကိုမဖတ်ပါနှင့်။ Sex အခန်းများပါဝင်သည့်အတွက် မကြိုက်ရင် မဖတ်ပါနှင့်။ Warning ပေးပါသည်။ ကိုယ့်အကြိုက်နှင့် မကိုက်ညီပါက Drop လိုက်ဖို့အကြံပြုပါတယ်ဗျ။ ဤ fiction သည် စိတ်ကူးယာဥ်သက်သက်ဖြင့် ဖန်တ...