[25]

16.6K 559 17
                                    

Unicode

"တစ်ချိန်လုံး သွေးပဲယိုနေတာ သူ့ကိုကောင်းအောင်ကုပေးစမ်း!!"

သူ့အသံဩဩသည် ဆေးရုံကြီးထဲဟိန်းခနဲ။ဒန်သည် မျက်စိမျက်နှာပျက်နှင့် ဆေးရုံထံက ဆရာဝန်တွေကို သေနတ်ပြကာ အော်ဟစ်သောင်းကျန်းနေသည့် ခေါင်းဆောင်ကို တားရသည်။

"စိတ်လျှော့ပါ ခေါင်းဆောင်! အခု အကိုလေးက အရေးကြီးနေတာမို့ ကျတော်တို့ အရေးပေါ်ခန်းကိုသယ်ဆောင်ရအောင်ပါ!"

ဆရာဝန်တွေသည် မြဲကို တွန်းလှည်းပေါ် အမြန်ဆင်ကာ အပြေးအလွှားနှင့် အရေးပေါ် ခန်းကိုပြေးနေကြရသည်။
နောင်တတွေနှင့် သူကတော့ လက်တွေတဆတ်ဆတ်တုန်နေကာ သွေးရူးသွေးတန်းနှင့် မျက်ရည်တွေကျကာ ငေးကြောင်နေခဲ့သည်။

"ခေါင်းဆောင်! စိတ်ကိုလျှော့ပါ စိတ်လျှော့ပါ အခုကိစ္စက ခေါင်းဆောင်နဲ့မဆိုင်ပါဘူး!!"

ခေါင်းဆောင်ကျောကို ပုတ်ကာ အသိဝင်အောင် ဒန့်မှာကြိုးစားသည်။မနေ့ညကတင် ထန်နဲ့ဒေးလက်ထဲကနေ စိုင်းတေဇပိုင်က လွတ်သွားပြီး ထန်ဟာ မသေရုံတမယ် အသက်ဘေးမှအခုထိကယ်နေရတုန်း။Ms:Ella သည် စိုင်းတေဇပိုင်ရဲ့ Sexပါတနာတွေထဲကတစ်ယောက်ဖြစ်ပြီး ထန့်ကိုသာ သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ပုံရသည်။နှစ်ယောက်နှင့်အများဆိုတော့ ခံလိုက်ရသည်မှာ ဒေးရော ထန်ရော မသေရုံတမယ်။နသန်ကတော့ ထိုင်းဘက်ကိုချက်ချင်း ခြေရာဖျောက်သွားသည့် Ms: Ellaနှင့် စိုင်းတေဇပိုင် ကို အသေရရ အရှင်ရရ လိုက်လံဖမ်းဆီးနေခဲ့သည်။နှစ်နဲ့ချီလက်တွဲကာယုံကြည်ရတယ်ထင်ခဲ့သည့် ပါတနာတစ်ဉီးက သစ္စာဖောက်သွားလေတော့ နသန်ဟာ ဒေါသအကြီးအကျယ်ထွက်သွားခဲ့ပြီး သူကိုယ်တိုင် ရှေ့ထွက်လာခဲ့သည်။ခေါင်းဆောင်တို့ကိစ္စကိုတော့ ဒန်ဟာ သေချာနားမလည်ပေမယ့် ထပ်ပြီးတော့ ခေါင်းဆောင်ဟာ အကိုလေးအပေါ်၌သာ အပြစ်တွေပုံချခဲ့ပုံရပါသည်။မဟုတ်ရင် အကိုလေးက ဒီလိုတွေအထိလုပ်ပါ့မလား။

"တောက်စ်!!! ငါကွာ!"

ခေါင်းဆောင်ဟာ ဒူးထောက်ကျသွားခဲ့ပြီး ဆေးရုံကြမ်းပြင်ကိုသာ လက်သီးတွေနဲ့ ထိုးပစ်တော့သည်။သားရည်တွေလန်ကာ သွေးတွေထွက် အသားတွေလန်သည့်အထိ ထိုးနေလေတော့ ဒန်ဟာတားရလေတော့သည်။ခေါင်းဆောင်က ဒန့်ထက် ထွားကျိုင်းလေတော့ ထိန်းရသည်မှာ အတော်တော့ မလွယ်လှပါ။

"ဗက္က" [ Complete ]Where stories live. Discover now