Unicode
1.မောင်ရူးတာ မင်းကြောင့်ဆိုကာ အရူးတစ်ယောက်လို မောင်ရေရွတ်ခဲ့ဖူးသည်။
2. မောင့်ကမ္ဘာဟာ မင်းဖြစ်ကြောင်း မောင်နားလည်သွားခဲ့တုန်းက ချစ်တတ်ခြင်းဘာသာရပ်ကို မောင်မကျွမ်းကျင်သေးဘူး။
3. မင်းမျက်ရည်တွေဟာ မောင့်ကမ္ဘာကိုလှုပ်ခတ်နိုင်တယ်ဆိုတာ မောင်သိသွားတုန်းက ပြာယာခတ်ခဲ့ရသည့်မောင့်ပုံစံက အရူးလုံးလုံး။
4. မောင်အရာအားလုံးစွန့်လွှတ်ရဲတာ မင်းအတွက်ဆိုကာ ပွင့်လင်းစွာ မောင်မပြောရဲခဲ့ဘူး မောင်နည်းနည်လေးတော့စိတ်နာနေခဲ့ပါသည်။
5. မောင်ကြမ်းတမ်းမိလို့များ ထားသွားခဲ့တာလားဆိုသည့် အတွေးက မောင့်နှလုံးသားတစ်ခုလုံးကို ခြိမ်းခြောက်နိုင်စွမ်းအပြည့်။
6. မောင် ရှိုက်ကြီးတငင်ငိုခဲ့ရတာ မင်းနဲ့မှ ဆိုသည့်စကားဟာ မောင်မဖွင့်ဟဖြစ်ခဲ့သည့် အပိုင်းအစတွေထဲက တစ်စိတ်တစ်ပိုင်း။
7. ထပ်ဆုံးရှုံးရမှာကြောက်လို့ မောင်အရူးလုံးလုံးဖြစ်ခဲ့ရတဲ့ညတွေမှာ မင်းဟာ နှစ်ခြိုက်စွာအိပ်နေခဲ့တာ။ မောင့်ခြောက်ခြားမှုတွေမှာ မင်းဟာ အဓိကတရားခံတဲ့။
8. ဒီကောင် မင်းခြေရင်းမှာခစားခဲ့တာ သိပ်မြတ်နိုးလွန်းလို့ဆိုတာကို မင်းရော တစ်လောကလုံးရော သိသွားတဲ့အချိန်တုန်းက မောင်လျှော့ခဲ့တာ အတ္တတွေ။
7. လောင်မြိုက်မှုတွေရဲ့တရားခံဟာ မြဲဆိုရင် မောင့်စိတ်ကလေးအေးချမ်းပျော်ရွှင်ဖို့ကလည်း မြဲပဲလိုခဲ့တာ။နားမလည်ခဲ့သည့်မောင်ကတော့ တယူသန်တွေနဲ့ ရူးခဲ့ရတာတွေများလေ။
8. ထပ်ထားခဲ့ရင် မောင်သေမှာဆိုသည့်စကားဟာ မောင့်နှလုံးသားက လာတဲ့စကားဆိုတာ မောင့်မျက်ရည်တွေသက်သေဖြစ်ခဲ့တဲ့ည။
9. လူအများရှိတဲ့ နေရာမှာ ဒူးထောက်မျက်ရည်ကျ ရှိုက်ကြီးတငင်မောင်ငိုခဲ့ရတာတွေက အိမ်သူလေးဟာ သူ့အတ္တကြောင့်ထိခိုက်မိလို့။
10. မောင် ဘာကို မက်မောသလဲဟု အိမ်သူလေးက မေးရင်တော့ မောင်ဖြေမှာဟာ မြဲဆိုတဲ့ဖြစ်တည်မှုစဆုံးပါပဲ။ မောင့်လောဘဟာ မြဲ၊ မောင့်ကမ္ဘာဟာ မြဲ၊ မြဲဟာ ကျွန်တော့်မြဲ၊ မောင့်အရာအားလုံးဟာ မြဲဆိုသည့် ဖြစ်တည်မှုတစ်ခုဆီမှာ ကပ်တွယ်သည်။
YOU ARE READING
"ဗက္က" [ Complete ]
Romanceစရိုက်ကြမ်းပြီး ဆဲဆိုသည်ကို မကြိုက်သော သူများအတွက် " ဗက္က " ကိုမဖတ်ပါနှင့်။ Sex အခန်းများပါဝင်သည့်အတွက် မကြိုက်ရင် မဖတ်ပါနှင့်။ Warning ပေးပါသည်။ ကိုယ့်အကြိုက်နှင့် မကိုက်ညီပါက Drop လိုက်ဖို့အကြံပြုပါတယ်ဗျ။ ဤ fiction သည် စိတ်ကူးယာဥ်သက်သက်ဖြင့် ဖန်တ...