[15]

17.5K 735 14
                                    

Unicode

မနက်အစောပိုင်းတွင် တစ်နိုင်ငံလုံးပွတ်လောရိုက်နေသော ထိပ်စီးသတင်းသည် မြို့တော်ဝန်၏နောက်ကွယ်မှ အမှောင်ခြမ်းများ ဖွင့်ဟပြခြင်းခံလိုက်ရသည်ကြောင့်ဖြစ်သည်။
Tv မှလာနေသော သတင်းကို မဏိသည် ထိုင်ကြည့်နေရင်း ပြုံးလိုက်မိသည်။

"အဲ့ဒီကောင်ကတော့ မြန်သားပဲ"

ဧည့်ခန်းထဲဝင်လာသော တိုင်း၏အပြောကို မဏိသည် ခေါင်းငြိမ့်လိုက်ပြီး

"သူ့လူကို ပြန်ရယူဖို့မစောင့်နိုင်တာဖြစ်မှာပေါ့ သေအောင်အချစ်ကြီးတဲ့ကောင် ဒီနေရာထိ ရောက်လာဖို့ဆိုတာ သူ့လိုဘာမှမသိတဲ့ကောင်က လွယ်မယ်ထင်သလား"

"အေး ငါ့ဂိုဏ်းပါပေးပစ်လိုက်ရမလား"

"ဟားဟား ကိုကြီးကတော့လေ ဒါ ဒယ်ဒီသွေးချွေးတွေနဲ့ရင်းပြီးတည်ထောင်ခဲ့တဲ့ ဂိုဏ်းနော် ပေါ့ပေါ့မလုပ်နဲ့"

"အဲ့တာဆို မင်းယူလိုက် မဏိ ၊ ငါက ငါ့ယောကျာ်းနဲ့ပဲ အေးအေးချမ်းချမ်းနေချင်လှပြီ"

"သေလေ မဏိကလည်း မဏိမမနဲ့ ပြင်ဉီးလွင်မှာ လက်ဖက်ပင်စိုက်စားပြီး အပူအပင်မရှိနေမှာ!"

"နင့်လို စုန်းမရုပ်ကို စံကဘာကြည့်ကြိုက်လဲ နားမလည်နိုင်ဘူး!"

"အံမယ် ဘူဘူချင်း တစ်လာလုပ်နေတယ်၊ ကိုကြီးကရော ဘာထူးလို့လဲ အဘိုးကြီးအိုရုပ်နဲ့များ ရိုးရိုးအအ သျှန်နဲ့တစ်စက်လေးမှကိုမတန်တာ"

"ဒီဟာမကတော့ ကိုယ့်အကိုကို"

"စောက်ချိုးမှမပြေတာ အငယ်ကိုလာလာပြီးရန်ပဲစတတ်တာမလား!"

အိမ်ထဲသို့ခြေချချခြင်း ရန်ဖြစ်နေပြန်သော မောင်နှမနှစ်ယောက်ကြောင့် ဗက္ကသည် မျက်ခုံးတန်းတွေတွန့်ချိုးသွားသည်။ ကိစ္စရှိလို့လာတာကို သူတို့ကသတ်နေကြတော့ တကယ်ကိုစိတ်ရှုပ်ရသည်။

"မင်းတို့နှစ်ကောင်ဆက်သတ်နေရင် ငါအိမ်ကိုမီးရှို့တင်မှာ"

တိခနဲတိတ်သွားသည့်မောင်နှမနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်အကြည့်နှင့်သတ်နေသေးသည်။

"ဗက္က" [ Complete ]Where stories live. Discover now