Magwi 귭맄 : 01

1.9K 160 40
                                    


မာဂွီ // 魔鬼
မကောင်းဆိုးဝါးဝိဉာဉ် ။

အချိန်ကာလအားဖြင့် ၄ ရာစုဝန်းကျင် ။
စစ်ရှုံးပြီးနောက် ထန်မင်းဆက် နယ်စားမှ ဘက်ဂျယ် အုပ်စိုးသူထံ ဆက်သသည့် ဤဖြစ်တည်မှုကို နန်းတွင်းမှူးမတ် မောင်းမမိဿံများသည် သမုတ်ကြသည်။

မာဂွီ ။

"အရှင်မင်းမြတ် တိုင်းပြည်မှာ မိုးခေါင်ရေရှားဒေသတွေ ပိုမို များပြားလာနေပါပြီ ဒါတွေဟာ နန်းတော်ထဲမှာ မကောင်းဆိုးဝါး ရှိနေတာကြောင့်လို့ ပြည်သူတွေအကြားမှာ ပြောဆိုနေကြပါတယ်"

"သုံးပြည်ထောင်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်မျိုးတို့ ဘက်ဂျယ်ကို ရှီလာက ရန်စဖို့ အကြောင်းဖန်လာတာဟာလည်း အရှင့်ရဲ့ အုပ်ချုပ်မှုကို သံသယဝင်လို့ ဖြစ်ပါတယ်"

ညီလာခံသည် အနီမှိုင်းရောင် သစ်ကြမ်းခင်း တုန်ခါနေရအောင် တင်ပြချက်တွေ ဆူညံလျက်။ အေးစိမ့်သော အငွေ့အသက်သည် ရာသီဥတုကြောင့်တော့ မဟုတ်။ ပလ္လင်မြင့်မှာ ပြေလျောလျော ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေသော ပြည့်ရှင်မင်းရဲ့ သက်ရောက်မှုကြောင့် ။

"ယောင်္ကျားတစ်ဦးကို မိဖုရားမြှောက်တာ အင်မတန်ကို မသင့်တော်တဲ့လုပ်ရပ်ပါ အရှင်မင်းမြတ် လက်ရှိမိဖုရားခေါင်ကြီးကို နန်းချအပြီးမှာ အိမ်ရှေ့စံခေါင်းပါးတဲ့ ဘက်ဂျယ်ကို ရန်သူတွေ အကြည်ညိုပျက်စေတာ မဖြစ်သင့်ပါဘူး"

"ခဏ !

ပြည့်ရှင်မင်းရဲ့ လေသံသည် အာဏာစက်မပါ။ သို့သော်လည်း ငြိမ်သက်စွာ ကျောထဲစိမ့်စရာ။ နန်းဝတ်နန်းစား စလွယ်မဂိုဋ်တွေ မဆင်မြန်းဘဲ ဖောက်ထုတ်ပြီးစ သွေးရဲ့ နီရဲစိုပြေနေပုံ အရောင်ရှိသော မင်းမြှောက်တန်ဆာ ခြုံထည်သာ သူ့ကိုယ်ပေါ်မှာ။ အဖြူရောင် ချည်ထည်ဘောင်းဘီသားမှာတော့ မသင်္ကာစရာ အနက်ရည်ပျစ်ပျစ်တွေ စွန်းထင်းလျက်။

"ကိုယ်တော်က ပြည်သူတွေကို မငဲ့ဘဲ ရမ်းကားနေတဲ့ မင်း လို့များ မောင်မင်းတို့ ဆိုလိုချင်တာလား"

𝙈𝙖𝙜𝙬𝙞 |completedDonde viven las historias. Descúbrelo ahora