~FINALE~
>>>
Incoming call
Unknown numberတရေးမှ မပျော်ခဲ့သော မနက်ရောင်နီလာချိန်မှာ ဖုန်းမြည်သည်။ Gyuvin သည် ခေါင်မိုးထပ်ရဲ့ ကွက်ပျစ်မှာ လက်သည်းကို တိတိကိုက်ကာ ဖင်တကြွကြွနဲ့ ထိုင်နေရာကနေ လူးလဲပြီး ထရပ်မိသည်။ မသိသော နံပါတ်မှာ တဖက်က အသံသည် အသက်ကြီးကြီး အမျိုးသားတစ်ဦး။
"မာဂွီကို သိတယ်မလား ဒကာ"
မျှော်လင့်မထားသော မေးခွန်းနဲ့
စိတ်တောင်မကူးဖူးသော အခြေအနေ။ဘုန်းတော်ကြီးတစ်ပါးက သူ့ကို ဆက်သွယ်စရာ ဘာအကြောင်းများ ရှိမှာမို့လဲ။ ပြီးတော့လည်း မာဂွီ ဆိုသော စကားလုံး။ စိတ်ပူသွားရသည့်အခါ ရင်ထဲမှာ နှလုံးခုန်ခြင်းသည် ငလျင်ပြင်းအား ၇ နှုန်းနှင့်။
"Ricky တစ်ခုခု ဖြစ်နေပြီလား"
အသံတွေ တုန်နေမည်ထင်သည်။ သူ့ကို ဖြေလိုက်သလို ဖုန်းရဲ့တဖက်မှာ ကြောက်မလန်းလိလိ စူးစူးဝါးဝါး အော်ဟစ်သံကြီး။ ပြီးတော့ တိုးတိတ်စွာ ကြားရသည့် မန္တာန်ရွတ်သံတချို့။
"မာဂွီက တစ်ခုခုဖြစ်စရာလား ဒကာ မာဂွီက မသေနိုင်တဲ့ မကောင်းဆိုးဝါးပဲ တဖက်က လူကသာ..
"တဖက်ကလူ ဟုတ်လား"
"မာဂွီက လူတစ်ယောက်ကို တိုက်ခိုက်ခဲ့ပုံရတယ် ဒကာ တဖက်ကလူကို ဘုန်းကြီးတို့ ဆေးရုံပို့ပေးခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတယ် ဒါကြောင့် အခု မာဂွီကို စစ်ဆေးမေးမြန်းနေတာ .......... ဆိုပေမယ့် လူစိတ်ပျောက်နေတဲ့ မကောင်းဆိုးဝါးကို ဘုန်းကြီးတို့ အမြန်ဆုံး စီရင်မှ_
"နေဦး နေကြပါဦး ခင်ဗျား ဘာတွေ ပြောနေတာလဲ Ricky က ညကတင် ကျွန်တော့်ရင်ခွင်ထဲမှာ အကောင်းအတိုင်းကြီး ပန်းလေးတစ်ပွင့်လို နူးနူးညံ့ညံ့လေး ချစ်စရာကောင်းနေတာကို ဘာတွေ ရုတ်တရတ်ကြီး လူစိတ်ပျောက်တာလဲ ?! မကောင်းဆိုးဝါးတဲ့လား ?! လူကို အန္တရာယ်ပြုတယ် ဟုတ်လား ?! မဖြစ်နိုင်တာ !! Ricky က..
Gyuvin သည် ပြောနေရင်းမှာ တဖက်ကနေ တစ်စုံတစ်ရာကို လေးပင်စွာ နင့်နေအောင် လွှဲရိုက်သည့် အသံနက်ကြီးကို ကြားလိုက်ရသည့်အခါ ရင်ထဲမှာ ထိန်းချုပ်မရသော ခံစားချက်တစ်ခုက အရှိန်အဟုန်နှင့် အမောက်ထောင်သွားသည်။ သူ ဒါမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးသော်ငြား။ လူတိုင်းကို ရိုကျိုးကာ သာပေါင်းညာစားလုပ်ပြီး နေခဲ့ရသော သူ့အနေနှင့် လုံးဝမသိခဲ့ဖူးသလို ရင်းနှီးနေသည့် ဒီစိတ်။