Magwi 귭맄 : 06

605 93 23
                                    

R18

"CEO Shim ကိုယ်တိုင် တက်ရောက်ပေးတော့ လုပ်အားပေးပွဲလည်း ပိုအသက်ဝင်ရတာပေါ့ဗျာ"

"ဟုတ်ပါရဲ့ရှင် ဒီက မိဘမဲ့ကလေးတွေကလည်း မတည်အလှူရှင်ကို မြင်ချင်နေခဲ့တာ ကြာပါပေါ့လား"

သူ့ကို မြင်ချင်နေခဲ့တာသည် မိဘမဲ့ကလေးတွေချည်းပဲတော့ မဟုတ်နိုင်။ Gyuvin ရဲ့ စိတ်ကို အခန့်မသင့်ဖြစ်စေသော လူတချို့ရဲ့ တဏှာအကြည့်တွေသည် သူ့အနားမှာ တဝဲလည်လည်။

ပုံမှန်အားဖြင့် အနောက်တိုင်းဝတ်စုံဆိုတာသည် ယောင်္ကျားတစ်ယောက်ကို ခန့်ညားစေတတ်သော အရာ။ သို့သော် Ricky သည်ကား ကျက်သရေရှိစွာ ဆက်ဆီကျကျ ညှို့နေသည်လေ။ အကြည့်တွေကို ဖြိုခွင်းဖို့သည် သက်တော်စောင့်ရဲ့ အလုပ် မဟုတ်တာကြောင့် Gyuvin မှာ ရတက်မအေး။ ရာသီဥတုအေးအေးမှာ တစ်ယောက်တည်း အီကွေတာ ဖြတ်နေရသလို။

"အင်္ကျီကြယ်သီးကို အပြည့်တပ်ထားစမ်းပါ"

အပြုံးနဲ့ သူသည် Gyuvin ရဲ့ ဘေးနားကို ရောက်လာပြီး တိုးကပ်လျက် အံကြိတ်ပြောသည်။ Gyuvin သည် သူ့ကို မျက်လုံးကြီးလည်ပြီး မကျေမချမ်း ကြည့်မိသည်။

ကိုယ့်ဘာသာ ရှပ်အင်္ကျီကို
ရင်ဘတ်ပဲ ဖွင့်ဖွင့်
လက်ပဲ ခေါက်တင်တင်
သူ့အပူလား။

သူ့လို လူတိုင်းကို အထာပေးနေတာလည်း မဟုတ်။ Gyuvin က ရိုးရိုးလေး နေနေရုံ။ သူ့လို .........

"နက်ကတိုင် စည်းထားစမ်း Gyuvin ရော့ !

ဘောင်းဘီအိတ်ကပ်ထဲကနေ ယူထုတ်လိုက်သလို နက်ကတိုင်သည် တကယ်တမ်းမှာ သူ့အစွမ်းနဲ့ အလိုလို ရောက်လာတာပဲ ဖြစ်လိမ့်မည်။ အဲ့ဒါထက် Gyuvin သည် သူ့လက်ထဲက နက်ကတိုင်ကို မပြုံးဘဲ မဲ့ကာ ကြည့်မိသည့်အခါ .........

"Kim Gyuvin အခုချက်ချင်း အဲ့မျက်နှာပေးကို ပြင်လိုက် မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"

"ဟက်* ကိုယ့်မျက်နှာလေ ကိုယ်နေချင်သလို နေမှာပေါ့ ဘယ်သူ့ကို ဘာလုပ်နေလို့လဲ"

"ကျစ်*

Ricky သည် ဘေးဘီဝဲယာကို ကြည့်သည်။ Gyuvin ကို ပြန်ကြည့်သည်။ ပြီးတော့ အမှည့်လွန်မက်မွန်သီးရဲ့ အဲ့ကျမတတ် နူးအိမှုလို ဖြစ်တည်နေသော သူ့နှုတ်ခမ်းဖူးတွေသည် တုန်တုန်လေး တဆတ်ဆတ် ခုန်လှုပ်လာသည်။

𝙈𝙖𝙜𝙬𝙞 |completedOù les histoires vivent. Découvrez maintenant