Gyuvin ရဲ့ အချစ်ဦးက
တစ္ဆေတစ်ကောင် ဖြစ်သည်။ဒီလို ပြောလို့ သူ့ကို ဂေါက်နေပြီလားတော့ မထင်စေချင် ။ ဒီလို ပြောရသည့် အကြောင်းအရင်း သူ့မှာ အသေအချာ ရှိသည် ။
သိတတ်စအရွယ်ကတည်းက သူသည် အိပ်မက်ထူးထူးဆန်းဆန်းတွေ မက်လေ့ရှိခဲ့သည်။ တရုတ်လိုလို ကိုရီးယားလိုလို ခန်းဆောင်နီနီတွေကို တစ်ခန်းဝင် တစ်ခန်းထွက် တစ်စုံတစ်ယောက်ကို ရှာရသော အိပ်မက်။ ကလေးတစ်ယောက်အဖို့ ကြောက်စရာ အော်ငိုမိစေသည့် မည်းမည်းညစ်ညစ် အခိုးအငွေ့တွေက သူ့ကို တားဆီးထားခဲ့ဖူးပြီး လူကြီးတစ်ယောက် ဖြစ်လာသည့်အခါ ဝမ်းနည်းစွာ တိတ်တိတ်လေး ငိုမိစေသည့် သူ့အား ကျောခိုင်းထားသော ခန္ဓာကိုယ်ပါးပါး။
ဒါကို Gyuvin က တစ္ဆေ လို့ ခေါ်သည်။
တစ္ဆေကို လိုက်ရင်း တချို့ညတွေမှာ သူ ပျော်သည်။ တချို့ညတွေမှာတော့ အကောင်အထည် ပြမရသော ယူကျုံးမရ ခံစားချက်တွေနှင့်။
ဖမ်းဆုတ်မရသော ဒီအရာကို မြင်တိုင်းမှာ Gyuvin သည် ရင်ထဲက တဆစ်ဆစ်နာသည်။ စိတ်ပိုင်းဆိုင်ရာ အရ နာကျင်ရသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း နှလုံးကို အရှင်လတ်လတ် ဆွဲကုတ်ပြီး စားသုံးခံရသလို နာကျင်စွာ သူ နိုးလာလေ့ရှိပြီး ......... ...
ရက်လနှစ်တွေ ကြာသည့်နောက်မှာတော့ သူ စွဲလမ်းလာသည်။ အိပ်စက်ခြင်းမှာ တစ္ဆေမပါခဲ့ရင် မနက်ခင်းတွေမှာ သူ စိတ်မကြည်။ တစ္ဆေကို မိသွားမှာကိုပင် စိုးရိမ်စွာ ပြေးသူကို လိုက်ရခြင်းအား Gyuvin သဘောတွေ့လာသည်။ တစ္ဆေက သတိပြုမိသွားပြီး ဇာတ်လမ်းအဆုံးသတ်သွားမှာကိုပင် ကြောက်ရွံ့စွာ အဝေးကနေ လိုက်ရင်း Gyuvin သည် အိပ်မက်နဲ့ အသက်ဆက်သည်။
ဒါသည် လူကုံထံတွေသာ ခံစားနိုင်သော ဇိမ်ခံပစ္စည်း ❝အချစ်❞ ကို လက်တွေ့မှာ မရနိုင်လို့သာ သူ အိပ်မက်ကို ချစ်လာတာလည်း ဖြစ်မည်။ ဘဝက စဉ်ဆက်မပြတ် ခါးသီးခဲ့သောကြောင့်သာ အကျင့်တွေ ပါပြီး ရင်ခုန်မှု အစား သည်းထိပ်ရင်ဖိုရမှုကိုသာ ပေးသော တစ္ဆေကို သူ ချစ်လာတာ ဖြစ်သည်။
တခါတရံမှာ ဆူးနှင်းဆီတွေကို တို့ကာဆိတ်ကာ ကစားတတ်သော သူ့အား ကျောခိုင်းနေမြဲ တစ္ဆေမှာ အကယ်၍ မျက်နှာတစ်ခု ရှိမည်ဆိုပါစို့ ။
![](https://img.wattpad.com/cover/358777452-288-k180647.jpg)