Magwi 귭맄 : 02

802 135 28
                                    


"Noona ငါ ရောက်တော့ ရောက်နေပြီ ကောင်မလေးကို မမြင်ဘူးဟ"

လူကုံထံတွေ လာတတ်သော စားသောက်ဆိုင်ပီသစွာ အထက်တန်းကျကျ အငွေ့အသက်သည် Gyuvin ရဲ့ ဝတ်စားဆင်ယင်မှုနှင့် ကွက်တိကျစွာ ။ သူ ဝင်လာသည်နှင့် ဦးညွှတ်အရိုအသေပေးသော ဝန်ထမ်းတွေကို ဟိတ်ဟန်အပြည့်နဲ့ လက်အသာကာပြပြီး အလုပ်အပ်ထားသော သူဋ္ဌေးသမီးကို ရှာသည်။ မတွေ့။

"သူရောက်မလာလည်း နင့်အလုပ် နင်လုပ်ရမှာပဲ Gyuvin သူနဲ့ ကြင်ဖက်တွေ့မယ့်သူကို ရှာကြည့်"

"Oh.. ကျေးဇူးပဲ ငါက ဘယ်သူမှန်း သိတယ်ဆိုတော့"

Gyuvin သည် ဖုန်းတဖက်က အစ်မဖြစ်သူကို စကားနဲ့လည်း ရွဲ့ပြီး နှုတ်ခမ်းကလည်း မဲ့ကာ ဒီလိုသူ့ကို ရင်သပ်ရှုမောစွာ ငေးနေသည့် Waitress လေးအား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ချောမောနေမှုအတွက် ကော့တေးတစ်ခွက် အလကားရလိုက်၏ ။

"ငါ Information file ရှာလိုက်ဦးမယ် ခဏစောင့်"

သူမဘက်ကနေ အိမ်ဂျွမ်းပြန်အောင် မွှေနှောက်သံတွေ ထွက်လာသည်။ သိပ်တော့ မကြာလိုက်။ ဟောဟဲလိုက်နေရင်း စာရွက်လှန်လျက် သူမက အကြောင်းကြားသည် ။

"လူငယ်စီးပွါးရေးလုပ်ငန်းရှင်တဲ့ အသက်က ၂၇ နှစ်"

"Noona ဒီမှာ ဗိုက်ပူနဲ့ ထိပ်ပြောင်ဘဲကြီးတွေပဲ ရှိတာနော် အာ နေဦး!

Gyuvin ရဲ့ မျက်လုံးရေဒါရှေ့မှာ မှန်နံရံနားက လူငယ်လို့ ယူဆရသော သူ ။ နှစ်ဦးထိုင် အလှစားပွဲမှာ တစ်ဦးတည်း ထိုင်လျက် သတင်းစာဖတ်နေသည်ပဲ။ သို့သော် စီးပွါးရေးလုပ်ငန်းရှင် ဆိုသော ဂုဏ်ပုဒ်နဲ့ ပြောရရင် ဒီလူသည် ဆံပင်က အမည်းရှိတ်လေးတွေရောသော ခေတ်ဆန်သည့်အဖြူ ။ မျက်နှာမှာ မိတ်ကပ်နဲ့ အိုင်းလိုင်နာကလည်း ထင်းထင်း။ နားနှစ်ဖက်ပေါင်းရင် Piercing တွေသည် ကြက်သီးထဖွယ် လက်ဆယ်ချောင်းစာပင် မက။

"တွေ့ပြီလား Kim Gyu"

"တွေ့သလိုလို မတွေ့သလိုလိုပဲ"

"နင်ကတော့ ငါ ဆဲတာ ခံချင်နေပြီထင်တယ်"

"ငါက လက်တွေ့ရှင်းနေရတဲ့လူလေ နင့်ဘက်က တိတိကျကျပြောမှပေါ့"

𝙈𝙖𝙜𝙬𝙞 |completedDonde viven las historias. Descúbrelo ahora