Magwi 귭맄 : 07

552 90 9
                                    

R18

"CEO Shim ရှိလားခင်ဗျာ"

"CEO Shim ကျွန်မတို့ အမှတ်တရ ဓာတ်ပုံရိုက်ရတော့မှာမလို့ပါ CEO Shim !!

ခေါ်သံတွေသည် ဘုရားသခင်ရဲ့ လမ်းပြမှု ရှိနေသလို တန်းတန်းမတ်မတ်ပင် အခန်းလေးအနားသို့ ရောက်လာသည် ။ Ricky သည် သူ့ကို ဆွချင်တာက တပိုင်း ချစ်ချင်တာက တကန့်နှင့် မာယာများပြီး ဆွဲဆောင်နေရာကနေ ရေခဲရေ ပက်ခံရသလို ခုန်ထမိသည် ။ ဒီလို Ricky ကို သူက ခုန်ထလို့ မရအောင် လက်တစ်ဖက်က ပခုံးကို ဖိထားသည် ။ နောက်လက်တစ်ဖက်ကတော့ အခုထိ တင်ပါးဆိုတာသည် တစ်ခုလား နှစ်ခုလား အဖြေရှာနေသည့် ပုံ ။ တွန်းဖယ်ခိုင်းလို့လည်း မရ။

"CEO Shim !!

"အခန်းထဲမှာ များလား"

တကယ်တမ်းမှာ ဒီနေရာနဲ့ မအက်စပ်သော မကောင်းဆိုးဝါးသည် Ricky ဆိုပေမယ့် လက်ရှိမှာ မကောင်းဆိုးဝါး ဆန်နေတာသည် သူ ။

Kim Gyuvin နဲ့
Kim Gyuvin ရဲ့ .........

"နေဦး"

Ricky ရဲ့ အံကြိတ်တားမြစ်သံကို မဲ့ပြလိုက်သော သူ့မျက်နှာပေးသည် အခု ဒီမာဂွီရဲ့ ချစ်ရည်လူးနေပုံကို အကုန်သိအောင် ပြဖို့ ဝန်မလေးသည့်အပြင် တမင်ကို မြင်အောင် လုပ်ဦးမည့် စိန်ခေါ်မှုမျိုးနှင့် ။ အဲ့ဒီလောက်အထိတော့ Ricky သည် သတ္တိမကောင်းသလို မမိုက်ချင်ပါ ။

ဒါကြောင့် ။

*ဖျောက်!

လက်ဖြောက်တစ်ချက်တီးလိုက်သည်။
ကိုယ့်အိမ်ကိုယ့်အခန်းကို ပြန်ရောက်ဖို့။

သို့သော် .........

"ဒါ ဘယ်နေရာလဲ"

"မင်းက ကိုယ့်ကို မေးတော့ ကိုယ်က ဘယ်သူ့သွားမေးရမလဲ Ricky ရဲ့"

သူသည် ရယ်ကျဲကျဲ ပြောသည်။

Ricky ရဲ့ အစွမ်းသည် သူနဲ့ တွေ့ပြီးကတည်းက • ပြန်ဆုံဆည်းခဲ့ရပြီးကတည်းက ဂဂျိုးဂဂျောင်ဖြစ်နေသည်မှာ အခုလည်း ဘယ်ကို ရောက်လာမိသည် မသိ။ နှင်းတွေ ပိန်းပိတ်အောင် ထူထပ်နေသော တောင်ပေါ် ။ အေးစိမ့်နေသော ကျောက်ဂူရဲ့ အထဲ ။ သိပ်မနက်သော ဂူမို့ အဝမှာ နှင်းမုန်တိုင်း ထန်နေတာကို မြင်နိုင်သည် ။ Ricky က မာဂွီ ဖြစ်နေလို့ ရာသီဥတုဒဏ်ကို ခံနိုင်သော်လည်း သူသည် အသက်တစ်ချောင်းသာ ပိုင်သည့် လူသား ။

𝙈𝙖𝙜𝙬𝙞 |completedHikayelerin yaşadığı yer. Şimdi keşfedin