မနက်ခင်းနေရောင်ခြည်က Jeno အခန်းထဲထိ ဖြာကျနေသည်။
ယမန်နေ့ညက မသောက်စဖူး သောက်ခဲ့သည်ရော၊ အတွေးနယ်လွန်ပြီး အတော်နောက်ကျတဲ့အထိ မအိပ်နိုင်ခဲ့သည်ရောကြောင့် Jenoရဲ့ခေါင်းက မခံမရပ်နိုင်အောင် ထုံကျင်ကိုက်ခဲနေ၏။
Jeno အိပ်ယာကနေထပြီး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးသည့်နောက် အလုပ်သွားဖို့ပြင်ရသည်။ Haechanရဲ့ကျေးဇူးနဲ့ တစ်နေရာစာရထားတဲ့ အလုပ်လေးမို့ မခံမရပ်နိုင်လောက်အောင် ပင်ပန်းနေစေကာမူ Jenoက မညည်းမညူနဲ့ အလုပ်ကို လုပ်နေဆဲဖြစ်၏။
Jenoရော Haechanရောက software engineer တွေမို့ လစာက ကောင်းသည်လည်းမဆိုသာ၊ နည်းသည်လည်းမဆိုသာပေ။ Jenoထက် နှစ်လခန့် အလုပ်စောဝင်ခဲ့သည့် Haechanကတော့ Jenoထက် အနည်းငယ်မျှ လစာပိုရသည်။ တစ်ယောက်နဲ့တစ်ယောက် မည်၍မည်မျှရသလဲဆိုတာ မေးမြန်းခြင်းမပြုကြပေမဲ့လည်း အချင်းချင်း ပြောပြမိတာကြောင့် သိနေကြရုံသာ။
Jeno ရုံးကိုရောက်တော့ မနက်(၉)နာရီခန့်ပင်ရှိသွားခဲ့ပြီဖြစ်သည်။ Haechanကတော့ သူတာဝန်ယူထားရတဲ့အပိုင်းမှာဖြစ်နေတဲ့ errorတွေကို စစ်ဆေးနေလျက်ရှိ၏။ Jenoကတော့ ဘယ်အလုပ်မဆို နှေးချင်နှေးပါစေ၊ အချိန်ပေးပြီး သေသေချာချာလုပ်တတ်တာကြောင့် တော်ရုံerror သိပ်မဖြစ်ပါချေ။
"ရောက်ပြီလား"
"အွန်း"
Jeno ပြန်ဖြေသံကြောင့် Haechanက လှည့်ကြည့်လာပြီး စားပွဲပေါ်မှာတင်ထားတဲ့ အရက်နာကျပျောက်ဆေးဘူးကို Jenoဘက်သို့ အနည်းငယ်တွန်းပေးလာ၏။
"Renjunက ပေးလိုက်ဆိုလို့..."
"ကျေးဇူး"
Jeno ဟန်မဆောင်နိုင်စွာနှင့်ပင် ဆေးသောက်လိုက်ပြီး နားထင်တို့ကို နှိပ်နယ်နေမိသည်။ အတန်ကြာမှ Computerကိုဖွင့်ပြီး လုပ်စရာရှိသည့်အလုပ်တို့ကို ဆက်တိုက်လုပ်နေဖြစ်ခဲ့သည်။ ထိုသို့ အလုပ်လုပ်နေပါမှ တစ်ယောက်ယောက်ကို သတိရမနေမှာဖြစ်သည်။
"သူပြန်လာပြီ"
Haechanရဲ့စကားကြောင့် Jenoရဲ့လက်တွေက ရုတ်ချည်းရပ်တန့်သွားသည်။ Haechanဘက်ကို အယောင်ယောင်အမှားမှားနဲ့လှည့်ကြည့်တော့ Haechanကလည်း မျက်နှာတည်တည်နဲ့ သူ့ကိုကြည့်နေတာဖြစ်၏။

YOU ARE READING
Remember [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Dec 17, 2023 [SUN] End - Jan 22, 2024 [MON]