3

175 21 0
                                    

Jenoတစ်‌ယောက် ဒီရက်ပိုင်း အလုပ်လုပ်ခြင်းအပြင် ထပ်တိုးလာသည်က သွားလေရာအရပ်မှာ Jaeminကို တွေ့မလားဆိုပြီး ရှာဖွေကြည့်နေမိခြင်းပင်။

အိမ်ကနေ အလုပ်ကိုသွားတဲ့အခါ အရင်ရက်တွေက Busနဲ့ သွားတာပေမဲ့ ဒီရက်ပိုင်းတော့ လူတွေရှုပ်ယှက်ခတ်နေတဲ့ မြေအောက်ရထားနဲ့သွားမိတာမျိုး၊ နေ့လည်စာကို တခြားအပြင်ဆိုင်တွေမှာ စားမိတာမျိုး၊ ပိတ်ရက်တိုင်း အပြင်မထွက်ဖြစ်သူက ဒီရက်ပိုင်းမှ အရင်တုန်းကနေရာတွေဆီ အလည်သွားမိနေတာမျိုးလိုကိစ္စတွေကို ခုံခုံမင်မင်နဲ့ လုပ်ဖြစ်နေလေသည်။

ခါတိုင်း ကိုယ့်ကိုယ်ကိုယ် မပြုမပြင်နဲ့ ဖာသိဖာသာ နေခဲ့သူက ယခုရက်ပိုင်းတော့ ဝယ်ထားပြီး ဂျောင်ထိုးထားမိတဲ့ အဝတ်အစားလေးတွေကို ကြိုကြားကြိုကြား ထုတ်ဝတ်နေမိ၏။ ဤသည်ကို Haechanက သတိထားမိတာမို့ "တော်ရုံပဲလုပ်ပါ" ဆိုပြီး သတိပေးခံရသေးသည်။

Jenoကတော့ စိတ်လွတ်နေတဲ့သူလို နေ့ရက်တိုင်းကို ကျော်ဖြတ်နေရင်းက အခုလို တစ်စုံတစ်ယောက်ကို ပြန်တွေ့မလားလို့ စိုးတထိတ်ထိတ်နဲ့ ဖြစ်နေရခြင်းကို အသားမကျနိုင်ဘဲ ဖြစ်နေရကာ အကယ်၍ ထိပ်တိုက်ဆုံခဲ့ရင် ဘာပြောရမလဲဆိုတဲ့အရာတွေကိုပါ ကြိုတင်တွေးတောနေမိလေသည်။

တကယ်တော့ ဝေးသွားကတည်းက တစ်ဖက်လူက သံယောဇဉ်တွေအားလုံး ဖြတ်တောက်ပစ်ခဲ့တာမို့ ပြန်တွေ့ရင်လည်း ပျော်နိုင်လိမ့်မည်မထင်။ အကယ်၍ ပျော်တဲ့သူရှိရင်လည်း အဲ့ဒီလူက Jenoကလွဲပြီး မရှိ‌နိုင်တော့ပေ။ အရှုံးသမားပုံစံနဲ့ Jenoကိုမြင်တဲ့အခါ Jaeminက ဘယ်လိုတုံ့ပြန်လိမ့်မလဲ။

ထိုအတွေးကိုတွေးမိတော့ Jenoရင်ထဲ ပူလောင်သွားရသည်။ အကယ်၍များ နေ့ရက်တိုင်းကို အတူတူဖြတ်ကျော်ခဲ့ရပါလျှင် Jenoက ဒီလိုအရှုံးသမားပုံစံမျိုးမဟုတ်ဘဲ ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်လာမလား။ အတွေးနဲ့တင် Jaeminအပေါ် အပြစ်တင်မိသလိုဖြစ်နေတော့ Jeno ခေါင်းကို ဘယ်ညာခါရမ်းပစ်မိ၏။

Jeno ရုံးကိုရောက်လာတော့ Haechanပင် မရောက်သေးပေ။ Computerကိုဖွင့်ပြီး ကိုယ်လုပ်စရာရှိသည်တို့ကိုလုပ်ကိုင်ရင်း Haechanကို စောင့်နေမိပေမဲ့ နေ့လည်စာစားချိန်ရောက်သည်အထိ Haechanက ရောက်မလာခဲ့။ ဖုန်းဆက်ကြည့်မည်ပြုပြီးမှ တခြားအရေးကြီးကိစ္စရှိလို့ မလာနိုင်တာဖြစ်မည်ဟုတွေးမိတော့ ဖုန်းကို ပြန်ချထားလိုက်မိသည်။

Remember [Complete]Tempat cerita menjadi hidup. Temukan sekarang