9

308 19 8
                                    

ဒီရက်ပိုင်းတွေထဲ Jaeminက မိဘတွေစိတ်တိုင်းကျ အိမ်မှာပြန်နေတော့တာမို့ ရုံးချိန်အတွင်းမှာကလွဲပြီး နှစ်ယောက်သား မတွေ့ဖြစ်ကြပေ။ သတ်မှတ်ထားတဲ့ ဗုဒ္ဓဟူး၊ သောကြာအပြင် စနေနဲ့တနင်္ဂနွေကြောင့် လွမ်းရတဲ့ရက်တွေရှိလာတော့ တနင်္လာနေ့မှာပါ ချိန်းတွေ့ဖြစ်ကြ၏။ ဒါကြောင့် စနေ တနင်္ဂနွေတိုင်း တနင်္လာကို မျှော်မိတဲ့သူတွေ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။

ယခုလည်း Jenoတစ်ယောက် စတိုခန်းထဲမှာ ဖုန်းကြည့်ရင်း Jaeminအလာကို ထိုင်စောင့်နေတာ (၁၅)မိနစ်ခန့် ကြာမြင့်နေပြီဖြစ်၏။

*ဒီ.....

ရုတ်တရက် ဘောင်းဘီအိတ်ထဲက ဖုန်းက တုန်ခါသွားတာကြောင့် ထုတ်ကြည့်တော့ Jaeminဆီက စာဝင်လာတာဖြစ်သည်။

~Haechanရှိတယ် လာလို့မရဘူး

အဆိုပါ messageကိုမြင်တော့ Jenoမှာ မဆီမဆိုင်နဲ့ Haechanကို စိတ်တိုသွားရသည်။ ထို့အတွက် အခန်းထဲမှာ ဆက်စောင့်မနေတော့ဘဲ အလုပ်စားပွဲဆီကို ပြန်လာပြီး Haechanကို ပေစောင်းစောင်းနဲ့ ကြည့်ဖြစ်လိုက်၏။ ဤသည်ကို မသိသည့် Haechanမှာတော့ မျက်မှန်ကို ပင့်ကာ ပင့်ကာနဲ့ အလုပ်မှာ ဈာန်ဝင်စားနေဆဲပင်။

*ဒီ....

~ (၈)လွှာက Toiletကိုလာခဲ့

ထပ်ဝင်လာတဲ့ မက်ဆေ့ခ်ျကိုမြင်တာနဲ့ Jeno ဝုန်းခနဲမတ်တပ်ရပ်ပြီး ပြေးထွက်လာမိသည်။ ကျန်ရစ်ခဲ့သည့် Haechanမှာတော့ ရင်ဘတ်ကို အသာဖိပြီး ကျိန်ဆဲရင်းနဲ့ ကျန်ရစ်ခဲ့ရ၏။

(၈)လွှာအထိ ရိုးရိုးလှေကားကနေပဲ ပြေးဆင်းလာပြီး လှေကားနဲ့ သိပ်မဝေးတဲ့ဘက်က Toiletရှိရာကို တန်းတန်းမတ်မတ်သွားလိုက်သည်။ Toiletထဲကိုရောက်တော့ အခန်းတစ်ခုချင်းဆီကို လူရှိမရှိ စစ်ဆေးလိုက်၏။ လူမ‌ရှိတာ သေချာပြီဆိုမှ ‌အစွန်ဆုံးအခန်းတံခါးကို Jaeminနဲ့တွေ့ဖို့ ခေါက်လိုက်သည်။

"ငါပါ"

Jeno အသံဆုံးတော့ ဂျောက်ခနဲမြည်သံပေးပြီး အခန်းတံခါးက ပွင့်သွားသည်မို့ Jenoလည်း လျင်လျင်မြန်မြန် ဝင်ခဲ့လိုက်သည်။ Toiletတွေရဲ့ အောက်ပိုင်းက လေးလက်မလောက် ကြမ်းပြင်နဲ့ လွတ်နေတာမို့ Jenoက Jaeminကို ပွေ့ချီလိုက်လေသည်။

Remember [Complete]Donde viven las historias. Descúbrelo ahora