4

184 20 0
                                    

Jeno ဖုန်းကိုကြည့်ရင်း အကြာကြီး မတ်တပ်ရပ်နေမိ၏။ ဘေးချင်းယှဉ်လျှောက်နေသည့် Haechanက ရှေ့ကို သုံးလေးလှမ်းမျှ ကျော်သွားပြီးမှ Jenoဘက်ကို ပြန်လှည့်ကြည့်လာသည်။

"Jeno...ဘာလုပ်နေတာလဲ၊ သွားမယ်လေ"

Haechanအသံကြောင့် Jeno ကတုန်ကယင်ဖြစ်နေတဲ့ ရင်ကို ထိန်းချုပ်ပြီး ရှေ့ကို အနည်းငယ်မျှ ဆက်သွားလိုက်၏။ ပြီးနောက် လက်ထဲကဖုန်းကို Haechanဘက်သို့ ထောင်ပြလိုက်ပြီး...

"မနေ့ကမလာတာ ဒါကြောင့်လား"

Jenoရဲ့အသံကြောင့် Haechan ခဏလောက် ငြိမ်သွားပြီးမှ "အင်း"ဟု ခပ်တိုးတိုးပြန်ဖြေသည်။ Jeno ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး ဖုန်းကိုပိတ်ကာ ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်ပြီး ဓာတ်လှေကားကိုတောင်မစောင့်တော့ဘဲ လှေကားကနေ အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။

ဒေါသစိတ်ကြောင့် ခြေလှမ်းတို့က မြန်ဆန်နေကာ ရင်ဘတ်တို့ကလည်း နိမ့်ချည်မြင့်ချည်နှင့် လှိုက်ဖိုနေလေသည်။ ပုံမတင်တာကြာတဲ့ Jaeminရဲ့ SNSကနေ noti တက်လာတာမို့ ဝင်ကြည့်မိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်လိုက်ချင်သည်။

အစားအသောက်ပန်းကန်လေးတွေနဲ့ သူ့ပုံလေးတစ်ပုံကို Haechanနဲ့ Renjunကို Tagတွဲတင်ထားတာကို မြင်လိုက်ရသည်။ မတွေ့ရတာကြာပြီဖြစ်တဲ့ မျက်နှာလေးကို မြင်လိုက်ရချိန်မှာ အချိန်တွေရပ်တန့်ကုန်သလို ခံစားလိုက်ရသည်။

ရုတ်တရက်မို့ အသက်ရှူရပ်မတတ် ခံစားလိုက်ရပြီး တစ်ဆက်တည်းမှာပဲ သူတစ်ယောက်တည်းကိုပဲ ဖယ်ချန်ထားတယ်ဆိုတဲ့ ခံစားချက်ကြောင့် ခံရခက်လှစွာနဲ့ ရင်ထဲမှာ အောင့်မျက်နာကျင်ရလှသည်။

Jenoက လှေကားတို့ကို တက်နေရင်းနဲ့ မခံမရပ်နိုင်အောင် မောဟိုက်လာတာမို့ လှေကားထစ်ပေါ်မှာထိုင်ချပြီး ရင်ဘတ်ကို လက်သီးဆုပ်ဖြင့် အဆက်မပြတ် ထုရိုက်နေမိတော့သည်။

"Jeno...ငါ...တမင်မပြောတာမဟုတ်ပါဘူး"

ထိုစဉ် အောက်ထပ်ကနေ တက်လာသည့် Haechanက တောင်းပန်တိုးလျှိုးနေသောအသံနဲ့ ပြောလာခဲ့ပေမဲ့ Jeno ဘာမှပြန်မပြောနိုင်ခဲ့ပေ။ ဤအခြေအနေက ငိုရမှာဖြစ်ပေမဲ့ Jenoမှာ မျက်ရည်တစ်စက်တောင် ထွက်မလာခဲ့ဘဲ ရင်ထဲမှာ တစ်ဆို့ဆို့ဖြစ်နေတဲ့ ခံစားချက်ကသာ ကြီးစိုးလို့နေသည်။

Remember [Complete]Hikayelerin yaşadığı yer. Şimdi keşfedin