7

318 27 6
                                    

"Jaeminnie..."

"အာ့... Jeno!..ဘာလုပ်.."

အခန်းတံခါးက ဒုန်းခနဲမြည်သံပေးပြီး ပိတ်သွားသည်နှင့် Jenoဟာ Jaeminကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်မိသည်။

ရုံးမှာက နေရာတိုင်း CCTVတွေရှိနေတယ်ဆိုပေမဲ့ Jenoလို လုပ်သက်ကြာနေပြီဖြစ်တဲ့ ဝန်ထမ်းတစ်ယောက်အတွက် CCTVတွေက ဘယ်နေရာမှာရှိတယ်၊ ဘယ်နေရာမှာ ချန်လှပ်ထားတယ်ဆိုတာ မသိစရာအကြောင်းမရှိပါချေ။

"ပင်ပန်းနေလား"

"Awwn...နည်းနည်း.."

ပစ္စည်းတွေ စုပုံထည့်ထားတဲ့ စတိုခန်းထဲရောက်နေတာမို့ နေရာတိုင်းမှာ ဖုန်အနံ့တွေချည်းရှိနေလေသည်။ Jenoက Jaeminရဲ့ ပခုံးပေါ်မှာ မျက်နှာအပ်ထားပြီး မျက်လုံးတွေကိုပါ မှိတ်ထားမိ၏။

"ဖယ်တော့...ခဏနေရင် လူတွေလာကြတော့မယ်"

"..နမ်းပါဦး"

ပြုံးစစနဲ့ပြောနေတဲ့ Jenoကို Jaemin မျက်မှောင်ကုတ်နဲ့ ကြည့်လိုက်၏။ သူတို့ပြန်အဆင်ပြေသွားကြတာပဲ ဘယ်နှရက်ရှိသေးလို့လဲ။ ဟိုကိစ္စဖြစ်ပြီးတဲ့နောက်ရက်မှာ နေမကောင်းဖြစ်သွားသေးတာမို့ Jenoက စိတ်မချလို့ပါဆိုတဲ့ခေါင်းစဉ်နဲ့ Jaemin အိမ်မှာရောက်နေတာတောင် နှစ်ပတ်လောက်ရှိနေပြီဖြစ်သည်။

"အိမ်ကျမှ..."

"လုပ်ပါ"

"မရဘူး"

"တစ်ခါပဲ"

ကလေးလိုမျိုး လက်ညှိုးတစ်ချောင်းထောင်ပြီး အနမ်းတောင်းနေတဲ့ Jenoကြောင့် Jaemin ရယ်ချလိုက်မိသည်။ ထို့နောက် စိတ်ကျေနပ်အောင် စက္ကန့်ပိုင်းလောက် အနမ်းပေးဖို့ စိတ်ကူးလိုက်ပေမဲ့ Jenoကတော့ ဆန့်ကျင်စွာနဲ့ ခန္ဓာကိုယ်တွေကို ပူးပူးကပ်ကပ်ဖြစ်သွားအောင် ဆွဲယူပြီး အနမ်းတွေကို ရှည်ကြာစေလေသည်။

"..တော်ပြီ.."

"အွန်း..."

အင်းဆိုပြီးပြောနေပေမဲ့လည်း Jaeminရဲ့မျက်နှာပေါ်မှာ ဟိုဟိုဒီဒီလိုက်နမ်းနေတုန်းပင်။ အတန်ကြာပါမှ တင်းခနဲဖြစ်သွားတဲ့အထိ ဆွဲဖက်လာပြီး တွန့်ကြေသွားတဲ့ Jaeminရဲ့ အဝတ်အစားတွေကို ဆွဲဆန့်ပေးလိုက်၊ သူ့ကြောင့် ပုံပျက်သွားတဲ့ ဆံပင်တွေကို သေချာပြန်ပြင်ပေးလိုက်နဲ့ အလုပ်ရှုပ်နေလျက်ရှိ၏။

Remember [Complete]Where stories live. Discover now