Heater ဖွင့်ထားလို့ နွေးနေတဲ့အခန်းထဲမှာ အေးစက်နေတဲ့အရာဟူ၍ Jenoရဲ့ ခြေဖျားလက်ဖျားတွေသာရှိမည်။
သူတို့ဌာနမှာ အားကိုးအားထားပြုနေရသူများဖြစ်ကြတဲ့ Haechanနဲ့ Jenoတို့နှစ်ယောက်အတွက် ပြောစရာစကား ပျောက်ရှသောနေ့ရက်များလည်း ရှိလာပေသေးသည်။
Jenoတို့အဖွဲ့ရဲ့ GMက Jenoရဲ့ ရည်းစားဟောင်း၊ Haechanရဲ့ သူငယ်ချင်းဟောင်းဖြစ်သည့် Jaeminဖြစ်လာခြင်းက Jenoနဲ့ Haechanကို ကြက်သေသေသွားစေသည်။
Americaကနေ စီးပွားစီမံမေဂျာနဲ့ မာစတာဘွဲ့ယူလာခဲ့သော Jaeminအတွက် experience နည်းနေပေမဲ့လည်း GMတစ်ဦး ဖြစ်လာခဲ့၏။ အမှန်တကယ်တော့ ရေစက်ဟောင်းများ ပြန်ဆုံရခြင်းအပေါ် များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်ဆိုပေမဲ့ မခွဲခွာခင်က ခွာပြဲသွားတဲ့သူတို့အတွက်တော့ မည်သို့မှ ဝမ်းမသာနိုင်။
Haechanလို ရယ်ရယ်မောမော စကားပြောနိုင်သူတောင် တိတ်ဆိတ်နေရလျှင် နဂိုကတည်းက စကားနည်းသည့် Jenoဆို ဆိုဖွယ်ရာမရှိတော့ပေ။
"ဒီဘက်က..."
"သိပြီးသားပါ..."
Jaeminရဲ့အသံက တည်ငြိမ်စွာနဲ့ ထွက်ပေါ်လာသည်။ မျက်နှာချင်းဆိုင်ထိုင်နေကြတာ အချိန်တစ်ခုကြာနေပြီဆိုပေမဲ့ Jenoက Jaeminကို မော့မကြည့်ဖြစ်သေး။ အေးစက်နေတဲ့ လက်ဖျားတွေကို အချင်းချင်း ဆုပ်ထားရင်းနဲ့ နှလုံးခုန်သံမှန်အောင် အသက်ရှူနေရဆဲပင်။
"...ကျွန်တော်တို့ကို ဌာနပြောင်းပေးလို့ရမလား"
Haechanရဲ့စကားကြောင့် ဌာနမှူးChoiက မျက်မှန်ကိုင်းကို အလောတကြီးပင့်တင်ပစ်၏။ ပြီးနောက်...
"ဌာနပြောင်းရအောင် ငါ့ကို သဘောမကျလို့လား"
"အဲ့ဒီလိုဖြစ်စရာလားဗျာ၊ ဌာနမှူးChoiက ကျွန်တော်တို့အပေါ် ဘယ်လောက်အားကိုးထားလဲ"
Haechanရဲ့စကားကို Jaeminက မည်သို့မျှ မတုံ့ပြန်ပေ။ ရေသီးလေးတွေ တွဲခိုနေတဲ့ ice americanoကိုသာ တည်တည်ငြိမ်ငြိမ်နဲ့ သောက်လိုက်လေသည်။
"Personalနဲ့ Professionalကို ခွဲထားရင် အကုန်အဆင်ပြေသွားပါလိမ့်မယ် မန်နေဂျာLee"

YOU ARE READING
Remember [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Dec 17, 2023 [SUN] End - Jan 22, 2024 [MON]