Final

515 22 4
                                    

"Haechan..."

ရုတ်တရက် အနားကိုရောက်လာပြီး ခပ်တိုးတိုးခေါ်လိုက်တဲ့ Jaeminကြောင့် Haechanသာမက Jenoပါ လှည့်ကြည့်မိလိုက်လေသည်။

"ညနေ အားလား"

ပြုံးစစနဲ့ မေးနေတဲ့ Jaeminကို Haechanက နားမလည်သလို မျက်မှောင်ကုတ်နဲ့ကြည့်နေ၏။ ဘာမှဝင်မပြောပေမဲ့လည်း Jenoက Jaeminမျက်နှာကိုမော့ကြည့်ပြီး ပြုံးယောင်ယောင်လေးဖြစ်နေသေးသည်။

"ဘာလဲ...ထူးထူးဆန်းဆန်း.."

Haechanစကားကြောင့် Jaeminရဲ့မျက်နှာက ပြုံးနေရာကနေ ငယ်ငယ်တုန်းက စကားနိုင်လုရင်း ဖြစ်နေကျမျက်နှာလိုမျိုး ပြောင်းလဲသွား၏။ ထိုအခါ Haechanကလည်း ထိုမျက်နှာပေးအတိုင်းဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက် ရန်စောင်နေသလိုမျိုး မျက်လုံးတွေနဲ့ကြည့်နေကြလေသည်။

"ဘာလဲ..ပြော..ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့"

"အားလား မအားဘူးလား မေးနေတာပဲဖြေ"

အချင်းချင်း စကားနိုင်လုတော့မဲ့ အကြည့်မျိုးတွေနဲ့ အပြန်အလှန်ကြည့်နေကြတဲ့ နှစ်ယောက်ကို တစ်လှည့်စီကြည့်ရင်း Jeno ရယ်လိုက်မိသည်။

ပြီးခဲ့တဲ့ရက် အတူတူရှိဖြစ်ကြတုန်းက Jaeminက Haechanတို့ကို ဖွင့်ပြောတော့မဲ့အကြောင်း ပြောလာတာမို့ Jenoလည်း လက်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွေ ခင်လာကြတာ တစ်ရက်နှစ်ရက်လည်းမဟုတ်တော့တာမို့ တစ်ယောက်ကိုတစ်ယောက် နေ့စဉ်မြင်တွေ့နေကြရင်း အချင်းချင်း ပြေလည်ချင်စိတ်တွေ ရှိနေကြတာပင်။

"မအားဘူး၊ အချိန်ပိုဆင်းရမှာ"

"ဒါဆို ငါလည်း မင်းနဲ့မှ အတူတူပြန်မယ်"

ထိုမျှသာပြောပြီး ပြန်ထွက်သွားတဲ့ Jaeminကို Haechanက နားမလည်တော့သလို မျက်နှာပေးနဲ့ ဆက်ကြည့်နေဖြစ်၏။ Jenoကတော့ သူနဲ့မဆိုင်တဲ့ကိစ္စလိုမျိုး မည်သည့်စကားတစ်ခွန်းမှ ဝင်မပြောဘဲ လုပ်လက်စအလုပ်ကိုပဲ စိတ်အေးလက်‌အေးနဲ့ လုပ်နေလေသည်။

ညနေပိုင်းရောက်သည့်အခါတွင်တော့ Haechanအပါအဝင် Jenoနဲ့ Jaeminပါ အတူတူ အချိန်ပိုဆင်းနေကြတာမို့ Haechanစိတ်ထဲ စနိုးစနှောင့်ဖြစ်လာရသည်။

You've reached the end of published parts.

⏰ Last updated: Aug 13, 2024 ⏰

Add this story to your Library to get notified about new parts!

Remember [Complete]Where stories live. Discover now