"Lee Jeno...လိုက်လာခဲ့"
ရုံးထဲရောက်လို့ ထိုင်တောင်မထိုင်ရသေးပေမဲ့ Jaeminခေါ်ရာနောက်ကို သူ လိုက်လာမိသည်။ တိုက်အပေါ်ဆုံးထပ်အထိ ခေါ်သွားတဲ့အထိ ဘာစကားမှ မပြောလာခဲ့ဘဲ ခေါင်မိုးထပ်ကိုရောက်တဲ့အခါတွင်တော့ ရှေ့ကနေ ခပ်မြန်မြန်သွားနေတဲ့ Jaeminက တုံ့ခနဲရပ်လိုက်ပြီး ချက်ချင်းနောက်ပြန်လှည့်လာကာ Jenoကို ထိုးချလိုက်လေတော့သည်။
*ခွပ်!
ခွပ်ခနဲ မြည်သံရဲ့အဆုံးမှာ Jenoရဲ့ နှုတ်ခမ်းထောင့်မှာ ချက်ချင်းသွေးစို့သွား၏။ ထို့အတွက် Jenoမှာ ပေါက်သွားတဲ့ နှုတ်ခမ်းကို လက်ဖမိုးနဲ့ ဖိသုတ်ရင်း ရှေ့တည့်တည့်က စိတ်တိုနေတဲ့ Jaeminကို ငေးကြည့်မိလိုက်သည်။
ယမန်နေ့ညကရခဲ့တဲ့ ရင်ခုန်တဲ့ခံစားချက်လေးတွေ၊ မဝံ့မရဲ မျှော်လင့်ချက်လေးတွေက ဒီနေ့မနက်မှာ အားပြင်းပြင်းနဲ့ ကျရောက်လာတဲ့ လက်သီးတစ်ချက်ကြောင့် လွင့်ပါးပျောက်ကွယ်သွားရသည်။
"မင်း မရှက်ဘူးလား"
"ဘာကိုလဲ"
"ငါဘာမှမမှတ်မိနိုင်တာကို သိရဲ့သားနဲ့ မင်းလုပ်ချင်တာတွေလုပ်သွားတာကို..."
"...ဒီတိုင်း...နမ်းခဲ့ရုံပါ"
Jenoစကားကြောင့် Jaeminက အနားရောက်လာပြီး Jenoရဲ့ အင်္ကျီလည်ပင်းစကို စုကိုင်လာလေသည်။
"Lee Jeno..!!"
"အင်း"
"ငါ ပြဿနာမဖြစ်ချင်ဘူး၊ အလုပ်သဘောအရပဲ စကားပြောချင်တယ်၊ အလုပ်သဘောအရပဲ နေချင်တယ်၊ ငါ မင်းအပေါ် ဘာခံစားချက်မှမရှိဘူး၊ မနေ့ညက ဖြစ်တယ်ဆိုတာလည်း ငါ မူးနေလို့၊ ငါမူးရင် ဘယ်လိုဖြစ်သွားတတ်လဲ သိသိကြီးနဲ့ မင်း...!!"
Jaeminက စကားကို ခပ်ကြိတ်ကြိတ်ပြောနေတာမို့ မေးကြောတွေက တင်းလို့နေသည်။ Jaeminဆွဲထားတဲ့ အင်္ကျီစက တင်းကြပ်နေပေမဲ့ Jeno မရုန်းမိ။ Jaeminကတော့ အမှန်တကယ် စိတ်ဆိုးနေတာကြောင့် မျက်လုံးတွေပင် ရဲနေလေသည်။
"...လွမ်းနေလို့.."
"Lee Jeno!!!"
"...အရင်တုန်းကလိုပဲ၊ မင်းနဲ့ရှိရတာ ငါ သဘောကျတယ်၊ မင်း ငါ့ကို စိတ်ဆိုးတာဖြစ်ဖြစ် စိတ်တိုတာဖြစ်ဖြစ် ငါ့ကို ကိုက်ဆွဲတာဖြစ်ဖြစ် ထိုးတာဖြစ်ဖြစ် ငါ အားလုံးကြည်ဖြူတယ်"

YOU ARE READING
Remember [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Dec 17, 2023 [SUN] End - Jan 22, 2024 [MON]