*Ting *Ting *Ting
တရစပ်မြည်နေတဲ့ ဘဲလ်သံကြောင့် Jeno နိုးလာရသည်။ ဘေးနားကစားပွဲပေါ်မှာရှိတဲ့နာရီကိုကြည့်တော့ မနက်(၉)နာရီကျော်ကျော်လေးသာရှိသေး၏။ Jeno အိပ်ယာထဲမှာ ငုတ်တုပ်ထထိုင်လိုက်ပြီး ဆံပင်တို့ကိုထိုးဖွလိုက်သည်။ ဖြူဖွေးနေတဲ့ အိပ်ယာရဲ့တစ်ဖက်ခြမ်းမှာ ဝမ်းလျားထိုးအနေအထားနဲ့ Jaeminက အိပ်ပျော်နေတုန်းပဲရှိသေးသည်။
Jaeminရဲ့ နောက်ကျောပေါ်တွင်တော့ ယမန်နေ့ညက Jenoပေးထားတဲ့ ကိုက်ခဲရာနဲ့ အမှတ်အသားတွေက ပနံတင့်စွာနဲ့ တည်ရှိနေလေသည်။ Jeno လက်ကိုဆန့်ပြီး သွေးစို့သွားတဲ့အထိ သူကိုက်ပစ်မိလိုက်တဲ့ Jaeminရဲ့ နောက်ကျောပေါ်က ကိုက်ခဲရာလေးပေါ် ခပ်ဖွဖွလေး ပွတ်သပ်လိုက်၏။ တစ်ဆက်တည်းမှာပဲ ခါးကိုင်းပြီး Jaeminရဲ့ပခုံးစွန်းလေးပေါ် ဖိနမ်းလိုက်သေးသည်။
*Ting *Ting *Ting...
ထပ်မံအသံပေးလာတဲ့ လူခေါ်ဘဲလ်သံကြောင့် Jeno အနားမှာ အဆင်သင့်ရှိတဲ့ အင်္ကျီကို ကောက်စွပ်ပြီး ထထွက်လာလိုက်သည်။ အလုပ်ပိတ်ရက်မို့ အေးအေးဆေးဆေးနေချင်သည်ကို မည်သူက လာနှောင့်ယှက်နေတာပါလိမ့်လို့လည်း တွေးနေလိုက်သေး၏။
"ဘယ်သူပါလဲ"
"အဲ့ဒီဘက်က ဘယ်သူလဲ၊ Jaeminnie...မရှိဘူးလား"
အမျိုးသမီးကြီးတစ်ဦးရဲ့အသံကြောင့် Jenoရဲ့ အိပ်ချင်စိတ်တို့ လွင့်ပါးပျောက်ကွယ်သွားပြီး အိမ်တံခါးကို အလျင်အမြန်ဖွင့်ပေးလိုက်ရသည်။ ထိုအခါ Jaeminနဲ့ အနည်းငယ်ဆင်တူတဲ့ အမျိုးသမီးတစ်ဦးကိုမြင်ရသည်။
"ဟို...မင်္ဂလာပါ အန်တီ... Jaeminnie...သူက အိပ်နေတုန်းပဲရှိပါသေးတယ်"
Jenoက ယဉ်ကျေးစွာနဲ့ နှုတ်ဆက်လိုက်ပေမဲ့ ထိုအမျိုးသမီးကတော့ ခွန်းတုံ့ပြန်မလာခဲ့ဘဲ ထိုင်ခုံမှာ ဝင်ထိုင်လိုက်လေသည်။ ထို့အတွက် Jenoမှာ အနည်းငယ် ကြောင်တောင်တောင်နိုင်သွားရ၏။
"ခဏလေးပါနော်၊ Jaeminnieကို နှိုး..."
"မေမေ? မနက်အစောကြီး ဘာလာလုပ်တာလဲ"
"ကိုယ့်သားအိမ်ကိုယ်လာတာပဲ၊ မလာရဘူးလား"
Jeno ဆံပင်ဘုတ်သိုက်နဲ့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့ Jaeminကိုကြည့်ပြီး အနည်းငယ် မျက်နှာပူသွားရသည်။ Jaeminရဲ့ အမေကလည်း ငယ်ရာကနေ ကြီးလာတဲ့သူမို့ အဲ့ဒါတွေကို မသိဘဲနေမှာမဟုတ်။ Jaeminရဲ့ ရင်ဘတ်ပေါ်မှာလည်း သူပေးထားတဲ့အနီစက်တွေက မြင်မကောင်းလောက်အောင်ကို ပွထနေတာဖြစ်သည်။

YOU ARE READING
Remember [Complete]
FanfictionNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Dec 17, 2023 [SUN] End - Jan 22, 2024 [MON]