တကျီကျီအော်နေသောကျေးငှက်တွေအသံတောင် မကြားရတော့ပဲ ရုံးဟွာတောင်တန်းတစ်ခုလုံးရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။လေပြည်လေညှင်းတွေကတော့ ဖြေးဖြေးလေးတိုက်ခတ်ပြီး ထိုထိတ်လန့်စရာအဖြစ်အပျက်ကြီးကို ချော့နေသယောင်။အင်အားကြီးနတ်ကျားဖြူနှစ်ကောင်လွတ်မြောက်လာခြင်းဟာ တစ်တောလုံးကိုတိတ်ဆိတ်သွားစေသည်အထိ သြဇာသက်ရောက်သည်။
"အစ်ကိုတော်...လူသားတွေကညီတော်တို့ကိုမြင်နေရတာလား"
ထယ်ယောင်းမေးတော့ ဆော့ဂျင်ကမေးစေ့ကိုလက်ဖြင့်ပွတ်သပ်ရင်း စဥ်းစားဟန်ပြုသည်။ခုနကနေရောင်ကိုမြင်ပြီးအပျော်လွန်၍ ရုံးဟွာတောင်တန်းကြီးကိုပြေးလွှားပစ်မယ်ဆိုတဲ့အတွေးနဲ့အတူ ကျားအသွင်ဖြင့်ပြေးထွက်လာခဲ့တာဖြစ်သည်။မထင်မှတ်ထားစရာ ဂူအပြင်လည်းရောက်ရော...အော်သံနက်နက်ကြီးကိုကြားလိုက်ရ၍ ပြေးလွှားမယ့်ခြေထောက်တွေပါ ရပ်တန့်သွားရသည်။
"အစ်ကိုတော်လည်းသေချာမသိဘူး...အဲ့ဒါတွေအသာထားပါ...အရှင်မဆီသွားရအောင်"
ဆော့ဂျင်က မေ့လဲနေတဲ့ဂျောင်ကုတို့ကို တစ်ချက်သာကြည့်ပြီး ဝတ်ရုံစကိုခါ၍သွားဖို့ပြင်သည်။
"ဒါဆို...ဒီလူသားတွေကရော အစ်ကိုတော်"
"အို...အစ်ကိုတော်တို့အရေးမှမဟုတ်ပဲ...ဒါဟာလူသားတွေရောဟုတ်ပါ့မလား...ဝတ်စားဆင်ယင်ပုံကလူသားဖြစ်ဟန်မတူဘူး...အစ်ကိုတော်တို့ဂူထဲမှာရှိနေတုန်း...အသစ်ပေါ်လာတဲ့တိရစ္ဆာန်မျိုးစိတ်အသစ်ဖြစ်မယ်...အင်းမ်...စကားပြောတတ်တဲ့မျိုးစိတ်နေမှာပေါ့"
"တိရစ္ဆာန်ဖြစ်ဟန်တော့မတူပါဘူး အစ်ကိုတော်ရယ်"
"ဒီမယ်...ဒီလောက်ရုပ်ဆိုးနေကြတာ...လူဖြစ်နိုင်ပါ့မလား"
ဆော့ဂျင်က မေ့လဲနေတဲ့ဂျောင်ကုနဲ့နမ်ဂျွန်ကို လက်ညှိုးထိုးပြပြီးပြောသည်။နတ်ကျားဖြူကင်မ်ဆော့ဂျင်အတွက်တော့ သူကိုယ်တိုင်ကလွဲ၍ ကျန်တဲ့အရာတိုင်းဟာရုပ်ဆိုးတယ်ဆိုသာချည်းသာ။သူသာလျှင်တစ်လောကလုံးမှာ အချောဆုံးအလှဆုံးဟုခံယူထားသူဖြစ်သည်။သူပြီးလျှင်တော့ သူ့ညီတော်ကင်မ်ထယ်ယောင်းက ဒုတိယအချောဆုံးအလှဆုံးဟု မကြာခဏပြောတတ်သည်။စွမ်းအားကြီးသလို သိပ်အလှဂုဏ်မောက်သည့် နတ်ကျားဖြူဖြစ်သည်။