"ကျွန်တော်သွားပြီနော်ကိုကို...ပြန်ရင် icecream ဝယ်လာခဲ့မယ်"
ပါးချိုင့်တွေထင်းနေအောင် ပြုံးပြပြီးပြောနေတဲ့နမ်ဂျွန်ကို ဆော့ဂျင်ကလက်ပိုက်လျက်တိုင်း မျက်ခုံးပင့်ကာကြည့်နေပြီးခေါင်းညိတ်ပြလိုက်သည်။
"အခန်းထဲမှာမဖွထားနဲ့နော် ခရမ်းလေး"
"ဟုတ်"
ဘေးအိမ်ကဂွန်းဝူဆီကတတ်ထားတဲ့ 'ဟုတ်' ဆိုတဲ့စကားကို အခုတလောထယ်ယောင်းကအမြဲသုံးသည်။ခေါင်းညိတ်ပြပြီး 'ဟုတ်' လို့ပြောတာကြောင့် ဂျောင်ကုကစိတ်ချသွားတဲ့မျက်နှာဖြင့် ကုတ်အင်္ကျီကိုလက်မှာချိတ်၍ ထွက်သွားသည်။နမ်ဂျွန်ကတော့ မတွေ့ရမယ့်နာရီပိုင်းလောက်စာလောက်အတွက် ဆော့ဂျင်မျက်နှာလေးကို နှမြောတသစွာကြည့်ပြီးမှ တာ့တာပြပြီးသွားသည်။ဂိုဒေါင်ကထွက်သွားတဲ့ ရှေ့ဆင့်နောက်ဆင့်ကားနှစ်စီးလုံး မြင်ကွင်းကနေပျောက်သွားတဲ့အထိ အပေါ်ထပ်ကနေ ဆော့ဂျင်နဲ့ထယ်ယောင်းကြည့်နေခဲ့သည်။ထူးဆန်းစွာ တိတ်ဆိတ်နေသောအိမ်သည် တစ်ခုခုဖြစ်တော့မယ်ဆိုတာ နမိတ်ပြနေသယောင်။
"ရပြီ ငတုံးလေး...အစ်ကိုတော်တို့လည်းသွားမယ်"
"ဟုတ်ကဲ့ အစ်ကိုတော်"
နတ်ကျားဖြူညီနောင်သည် လက်ချင်းတွဲ၍ လမ်းထိပ်ထိထွက်လာခဲ့သည်။ထိုညီနောင်၏ရည်ရွယ်ချက်သည် ရုံးဟွာတောင်ရှိ ဂူထဲတွင်ကျန်ခဲ့သောရွှေချောင်းတွေကို သွားယူဖို့ဖြစ်သည်။
"ရုံးဟွာတောင်အထိလမ်းလျှောက်သွားမှာလား အစ်ကိုတော်"
"အို...အလာတုန်းကအစ်ကိုတော်သေချာကြည့်လာတယ်...ဝေးလွန်းတယ်"
"ဒါကြောင့်...ဂျောင်ကုကိုပြောလိုက်ပါမယ်ဆို...ဒါဆို ဘီအမ်ဒဗယ်လူနဲ့သွားရမှာ"
ထယ်ယောင်းက ငြူစူတဲ့ပုံလေးဖြင့် စိတ်မရှည်စွာပြောလာတော့ ဆော့ဂျင်ဆီကနေအခေါက်ခံလိုက်ရသည်။
"ဒီမယ်...အစ်ကိုတော်ပြောပြမယ်...လူသားတွေဆိုတာလောဘသားတွေပဲငတုံးလေးရဲ့...ဂျွန်ဂျောင်ကုနဲ့ကင်မ်နမ်ဂျွန်ကို...အဲ့ကိစ္စပြောပြလိုက်ရင်...အစ်ကိုတော်တို့ဘာဖြစ်သွားမယ်ထင်လဲ"