3

586 50 3
                                    

"ဒါ...ဒါ...ဘာကြီးလဲ"

ရုံးဟွာ​တောင်ရဲ့တစ်ဝက် ကားရပ်နားစခန်း​ရောက်​​တော့ နမ်ဂျွန်က ​ကျောပိုးအိတ်ထဲကကား​သော့ကိုနှိပ်လိုက်​တော့ 'ဝှီ ဝှီ' ဆို​သောအသံနဲ့အတူ ​ရှေ့မီးသီးနှစ်လုံးထလင်းသွားတဲ့ကား​ကြောင့် ​ဆော့ဂျင်ထ​မေးခြင်းဖြစ်သည်။​ဂျောင်ကုက​တော့ ​ဆော့ဂျင်နဲ့ထယ်​ယောင်းရဲ့​ကြောက်လန့်​နေတဲ့မျက်နှာကိုကြည့်ပြီး သက်ပျင်းသာလှိမ့်ချ​နေသည်။

"အစ်ကိုဒါကိုမသိဘူးလား...ကား​လေ"

​"ကား...ကားဆိုတာဘာလဲ"

"ကားဆိုတာစီးစရာယာဥ်အမျိုးအစားတစ်ခုပဲ​...ဒီကားနဲ့ဆိုကျွန်​တော်တို့က...​ခြေ​ညောင်းစရာမလို​တော့ပဲ...ဟိုးအ​ဝေးကြီး​တွေအထိသွားလို့ရတယ်"

နမ်ဂျွန်က​ ခြေဟန်လက်ဟန်ဖြင့်ရှင်းပြ​တော့ ​ဆော့ဂျင်က Mercedes - AMG G63 အနက်​ရောင်​တောက်​တောက်နားကိုကပ်၍ ထိ​တွေ့ကြည့်သည်။​ဂျိုဆွန်း​မှာက စီးစရာယာဥ်ဆိုလို့ မြင်းနဲ့​ဝေါယာဥ်ပဲရှိတာ​လေ။အဲ့​တော့ ဒီအနက်​ရောင်​ပြောင်​ပြောင်နဲ့​ ဝေါယာဥ်အကြီးကြီးက သူ့တို့အတွက်​တော့ထူးဆန်းလွန်းလှသည်။

"ဒါကို...ဘယ်ဖန်ဆင်းရှင်ဖန်ဆင်းခဲ့တာလဲ"

ထယ်​ယောင်းရဲ့အူတူတူမေးခွန်းမှာ နမ်ဂျွန်​ရော ​ဂျောင်ကု​ပါ ခွက်ထိုးခွက်လန်​အော်ရယ်​ကြတော့သည်။စိတ်မနှံ့တဲ့လူ​ရှေ့မှာ ဒီလိုလုပ်တာဟာ ရိုင်းပြတဲ့အမူအယာဆို​သော်လည်း သူတို့သူငယ်ချင်းနှစ်​ယောက်လုံးမ​​အောင့်နိုင်​တော့ဘူး။

"ဘာရယ်​နေကြတာလဲ!...ငါ့ညီ​တော်​မေးတာကို​ဖြေစမ်း!!"

​ဆော့ဂျင်က ​မီးဝင်းဝင်း​တောက်​နေတဲ့မျက်ဝန်းပြာ​တွေဖြင့် ဝင်​ဟောက်​တော့မှ ရယ်​နေတဲ့နှစ်​ယောက်လုံး ချက်ချင်းရယ်​ကြောပြတ်သွား​တော့သည်။

"ဘယ်ဖန်ဆင်းရှင်ကဖန်ဆင်းတာလဲဆို​တော့...အင်းမ်...Mercedes ဆို​တော့ Mercedes ဖန်ဆင်းရှင်ဖြစ်မှာ​ပေါ့"

​ဂျောင်ကုက ရယ်ချင်တာကို​အောင့်အီးပြီး ခရမ်းနု​ရောင်မျက်ဝန်း​တွေဖြင့် သူ့အ​ဖြေကို​မျှော်လင့်​နေတဲ့ထယ်​ယောင်းကိုဖြေသည်။

My Little BaekhoWhere stories live. Discover now