"ဂျောင်ကု"
"မဟုတ်ဘူး ငတုံးလေး...မျိုးရိုးနာမည်ပါထည့်ပြောလိုက်"
"ဂျွန်ဂျောင်ကု"
"ဘာလဲ...မရဘူးလား"
"ဒါဆို...ကင်မ်နမ်ဂျွန်...ရပြီလား...အို...ဘာတွေငေးငိုင်နေတာလဲ!...ဖြေစမ်း!!"
"ဟို...အစ်ကိုတို့ပြောချင်တာကို ညီမနားမလည်ဘူး"
mullet ဆံပင်ကေလေးတွေနဲ့ နတ်ကျားဖြူညီနောင်သည် ရပ်ကွက်ထိပ်က 24 hrs စတိုးသို့ရောက်လာပြီး ဆိုင်ဝန်ထမ်းကောင်မလေးနဲ့ စကားများနေတာဖြစ်သည်။ကောင်တာပေါ်တွင် အမျိုးအစားစုံလင်လှသောမုန့်ထုပ်တွေရှိနေပြီး ဆိုင်ဝန်ထမ်းကောင်မလေးက ပိုက်ဆံတောင်းနေတာကို ဆရာကြီးနှစ်ယောက်က ဂျောင်ကုနဲ့နမ်ဂျွန်နာမည်ပြော၍ ဝယ်ဖို့ပြင်နေတာဖြစ်သည်။ပိုက်ဆံဆိုတာကိုဘာမှန်းမသိသေးပဲ စျေးလိုက်ဝယ်တိုင်းဂျောင်ကုနဲ့နမ်ဂျွန်နာမည်ကို လှမ်းခေါ်တိုင်းလိုတာရခဲ့တာမို့ အခုလည်းထိုသို့လုပ်နေခြင်းပင်။
"ဂျွန်ဂျောင်ကုနဲ့ကင်မ်နမ်ဂျွန်...ဒါဆိုရပြီလား!"
"ဟို...အဲ့နာမည်တွေနဲ့ညီမကဘာလုပ်ရမှာလဲ...ညီမပြောတာပိုက်ဆံရှင်းဖို့ပါ"
"အလို!...ဒုံးဝေးလိုက်တာ...ခေတ်သစ်ဟန်ယန်းကလူတွေတယ်ဒုံးဝေးပါဘိ...ငါလည်းအဲ့ဒီပိုက်ဆံရှင်းဖို့ပြောနေတာပဲလေ"
"ဟုတ်တယ် အစ်ကိုတော်...ငတုံးလူသားတွေ!"
ဆိုင်ဝန်ထမ်းကောင်မလေးမှာ ရုပ်ချောချောလေးနှစ်ယောက်လာဝယ်လို့ပျော်ရွှင်နေသော်လည်း အခုတော့သူမချည်းအပြောခံနေရပြီး စိတ်မနှံ့ပုံတွေပေါက်နေတာမို့ ငိုချင်နေပြီဖြစ်သည်။
"ငွေသားပေးပါ...မဟုတ်ရင်လည်းကဒ်ပေးပါ"
ထိုကောင်မလေးပြောသောစကားကို နှစ်ယောက်လုံးနားမလည်တာကြောင့် စိတ်ပျက်သောမျက်နှာတွေဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။နတ်ကျားဖြူညီနောင်နှစ်ယောက်လုံးရဲ့အတွေးတွေက ကောင်တာအပေါ်ရှိ ခြင်းတောင်းထဲကမုန့်ထုပ်တွေ လက်ထဲရောက်ဖို့သာဖြစ်သည်။