ပြတင်းပေါက်မှာချိတ်ထားတဲ့ ငှက်ပုံသဏ္ဍာန်ခေါင်းလောင်းလေးက သာသာယာယာထွက်နေတဲ့အသံကို ဆော့ဂျင်နဲ့ထယ်ယောင်း တို့ထိပြီးရယ်မောနေကြသည်။
"နှစ်ယောက်လုံးရဲ့ဦးနှောက်လှိုင်းတွေကပုံမှန်ပါပဲ...ရူးနေတာမဟုတ်ပါဘူး"
"yap!...ငါပြောသားပဲသားကြီး...ကိုကိုကမရူးပါဘူးဆို"
ဒေါက်တာပြောတဲ့စကားကို နမ်ဂျွန်ကပျော်ရွှင်ပြီး ဂျောင်ကုလက်မောင်းကိုလှုပ်ကိုင်၍ ဝမ်းသာစွာပြောနေသော်လည်း ဂျောင်ကုကတော့မျက်မှောင်ကျုံ့၍ ပြတင်းပေါက်သေးသေးလေးကို နှစ်ယောက်သားအတင်းခေါင်းပြူ၍ အောက်ကိုလက်ညှိုးထိုးပြီး စကားတတွတ်တွတ်ပြောနေတဲ့ထယ်ယောင်းနဲ့ဆော့ဂျင်ကိုကြည့်ပြီး ခေါင်းခါသည်။
"ဟုတ်လို့လား ဒေါက်တာ...သေချာပြန်စစ်ကြည့်ပါဦး"
ဂျောင်ကုစကားကြောင့် ဒေါက်တာကအားနာပြုံးလေးပြုံးပြီး
"နှစ်ခါတောင်စစ်ဆေးထားပြီးသားပါ...နှစ်ယောက်လုံးကပုံမှန်အသိဥာဏ်ရှိပြီး...IQ တောင်အတော်မြင့်ပါသေးတယ်...160 အထက်တွေပါ...ကျွန်တော်တောင်တော်တော်အံ့သြသွားတာ...ညီအစ်ကိုနှစ်ယောက်လုံး ဒီလောက်တောင်ဥာဏ်ကောင်းရလားဆိုပြီး"
"ဘယ်လို!"
ဂျောင်ကုမှာ ဒေါက်တာ့စကားကြောင့်ပိုအံ့သြသွားတော့သည်။သူ့သူငယ်ချင်းနမ်ဂျွန်ထက်တောင် ဥာဏ်ကောင်းတဲ့နှစ်ယောက်က တစ်ခြားကမ္ဘာကလာသလို ဘာဆိုဘာမှမသိတာမလား?ဖြစ်ရောဖြစ်နိုင်ရဲ့လား?
"ဒေါက်တာ့ဆေးစစ်ချက်မှားနေတာထင်တယ်...နောက်တစ်ခေါက်လောက်ပြန်စစ်ပေးပါလား"
နမ်ဂျွန် စောဒကတက်နေတဲ့ဂျောင်ကုကို ကြည့်မရတော့သည်မို့ ပေါင်ကိုဆွဲဆိတ်လိုက်သည်။
"အာ့!...ဘာလုပ်တာလဲ"
"ဆွဲဆိတ်တာလေ...မင်းဘာလို့သောက်ရစ်ရှည်နေတာလဲ...ဒေါက်တာကမရူးဘူးလို့ပြောနေတယ်မလား"
"အဲ့နှစ်ယောက်မရူးဘူးဆိုတာမင်းရောယုံလား...အချိန်ပြည့်ပေါက်ကရတွေပြောပြီး...boxerဝတ်ဖို့တောင်မသိတဲ့နှစ်ယောက်လေ"