မနက်စောစောမှာ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ suit အပြည့်အစုံဖြင့် ဂျောင်ကု ရဲစခန်းကိုရောက်နေသည်။ဂျောင်ကုဘေးတွင်တော့ ညအိတ်အင်္ကျီဝမ်းဆက်အပြာရောင်ဖြင့် အိပ်မှုန်စုတ်ဖွားဖြစ်နေသောနမ်ဂျွန်ထိုင်နေသည်။မနက်အစောကြီး ရဲမှူးဖုန်းဆက်ခေါ်လို့ရောက်လာကြခြင်းပင်။
"အဲ့တော့...ညတုန်းကပျောက်သွားတာပေါ့"
"ဟုတ်ပါတယ်...ညစာထမင်းကျွေးတော့လုံးဝမစားပါဘူး...အဲ့အချုပ်ခန်းကနေပဲ တစ်စခန်းလုံးကိုကျိန်စာတိုက်ပြီးအော်ဟစ်နေတာပါ...ခဏကြာတော့ ပေါင်မုန့်ပဲစားချင်တယ်ဆိုလို့...ပေါင်မုန့်သွားဝယ်ပြီးပေးလည်းပေးရော...နှစ်ယောက်လုံးထွက်ပြေးသွားတာပါ...ဟို...ညသန်းခေါင်ကြီးဆိုတော့လေ...အားလုံးကလည်းအိပ်ငိုက်နေတော့...ဘယ်လိုမှရှာမတွေ့ပါဘူး...လုံခြုံရေးပြောတာတော့...နှစ်ယောက်လုံးကအရမ်းအပြေးမြန်တယ်တဲ့...သာမန်လူတွေထက်သုံးဆလေက်မြန်တယ်ဆိုပဲ...ပြီးတော့...ဒီနေရာကိုပြန်လာပြီး...မီးလောင်တိုက်သွင်းပစ်မယ်လို့လည်းပြောသွားသေးတယ်လို့ပြောတယ်"
ရဲမှူးစကားကို ဂျောင်ကုကခေါင်းတညိတ်ညိတ်ဖြင့်နားထောင်သည်။ဘေးကနမ်ဂျွန်ကတော့ ခုနကထိအိပ်ချင်မူးတူးဖြစ်နေရာကနေ ချက်ချင်းကိုမျက်လုံးမျက်ဆန်ပြူးပြီး 'ကိုကို' ဟုအော်ပြီး ထငိုတော့သည်။
"သောက်ကျက်သရေမရှိဘူး ကင်မ်နမ်ဂျွန်...ဘာဖြစ်နေတာလဲ"
ဂျောင်ကုက အံကျိတ်ပြီးပြောတော့ နမ်ဂျွန်ကခပ်စူးစူးပြန်ကြည့်သည်။အကြည့်ချင်းစစ်တိုက်နေရင်း ၊ နှုတ်ခမ်းလှုပ်ရုံဆဲဆိုနေရင်းနဲ့ပဲ ဂျောင်ကုအရင်မျက်နှာလွှဲလိုက်သည်။
"အဲ့ဒါဆိုလည်းကျွန်တော်တို့ကိုခွင့်ပြုပါဦး...ကျွန်တော့်တို့တာဝန်လည်းပြီးသွားပါပြီ...ကျန်တာတော့ရဲမှူးတို့အပိုင်းပါ"
ဂျောင်ကုကပြောပြီးတာနဲ့ ချက်ချင်းထွက်သွားသည်။ဒီနေ့ရုံးမှာအစည်းအဝေးရှိသည်မို့ ရဲစခန်းကိုအချိန်ပေး၍လာရသည်ကို ဒေါသထွက်နေသည်။ပြီးတော့ ထိုအစည်းအဝေးကို နည်းနည်းမှနောက်ကျလို့မရ။အတွင်းရေးမှူးဂျီဆော့ဂျင်းနဲ့ လွှဲထားရင်ပိုတောင်ဆိုးမည်။ဒါကြောင့် နမ်ဂျွန်ကိုဒီအတိုင်းထားခဲ့ပြီး ကားမောင်း၍ကုမ္ပဏီသို့မြန်မြန်ထွက်လာရသည်။