နံနက်8.45mG-12အဆောင်သို့လျှောက်လှမ်းလာသူကောင်လေးတစ်ယောက်သည်အရှိန်အ၀ါအပြည့်နှင့်ဖြစ်သည်
ဖွေးဥနေသည့်အသားအရေပါးလေးများမှာဖူးဖောင်းနေကာနီရဲနေသောစတော်ဘယ်ရီရောင်နှုတ်ခမ်းလေးနှင့်ဖြောင့်စင်းနေသောအလယ်ခွဲဆံနွယ်လေးများနှင့်ကောင်လေးသည်တစ်ကျောင်းလေး၏အသည်းစွဲရတုမိုးရှိန်သာဖြစ်၏ မိန်းကလေးတွေ၏အာရုံကိုဖမ်းစားနိုင်ရုံသာမကယောက်ကျားလေးတွေပါစိတ်၀င်စားကြသည်။"ဟဲ့ ဟဲ့ ကောင်မကကြည့်လိုက်ချစ်ဖို့ကောင်းလိုက်တာဟယ်..."
"အေ ဒါမဲ့သူကမာနကြီးပြီးအချစ်ကိုစိတ်မ၀င်စားဘူးလေနင်မသိတာမှတ်လို့.."
"ငါ့ကောင်လေးဖြစ်ရင်သိပ်ကောင်းမှာဟ.."
"..အိပ်မက်မက်နေလိုက်ဟိုကနင့်ကိုတစ်သက်လုံးစိတ်၀င်စားမှာမဟုတ်ဘူး.."
"ငါသူ့ကိုရအောင်လိုက်မှာ."ဆိုကာထိုကောင်လေးနောက်ပြေးလိုက်ကာစကားသွားပြောသူ
"ဟဲ့ ယွန်းမီပြန်လာခဲ့ ဟဲ့"
"Hi~တို့ကယွန်းမီပါ..youကရော.."
"..........."
"တို့ကခင်ချင်လို့ပါ.."
"မလိုဘူး"ဟုပြောကာထွက်သွားသူကောင်လေးတစ်ယောက်ရှိသကဲ့သို့သူ့အားအရေးမလုပ်လို့ဒေါသထွက်ကာကျန်ရစ်ခဲ့သူမိန်းကလေးတစ်ဦးလည်းရှိခဲ့သည်။
"ငါပြောတယ်နော်သွားမစမ်းပါနဲ့ဆို.."
"ငါ့အပိုင်ဖြစ်လာစေရမယ်"
"အိပ်မက်သာဆက်မက်နေလိုက်ငါကတော့သွားပြီကျောင်းတက်တော့မယ်.."
ရတုကစာသာစိတ်၀င်စားသည်ရည်းစားဆိုသည်မှာသူမထား အချစ်အကြောင်းကိုလည်းသူဘာမှမသိ စကားနည်းလှသည်တစ်ယောက်တည်းအမြဲနေကာစာသာကြည့်နေတတ်သည် စာသိပ်တော်လှသောရတုသည်ဆရာမများ၏အချစ်ခံလေးဖြစ်၏။ကျောင်းကသူတွေပြောကြသည့်Nicknameမှာ
'ရေခဲတုံး'တဲ့....private driving area ၌
"စိုင်းခက်အဆင်သင့်ဖြစ်ပြိီလားဟျောင့်"စိုင်းခက်ခေါင်းငြမ့်ပြသည်နှင့်မိုးထက်ပြိုင်ကားနှစ်စင်းယှဥ်ရပ်ထားသောအလယ်သို့သွားကာပ၀ါနှစ်ခုကိုအပေါ်သို့ရမ်းကာအောက်သို့ဆွဲကာချသည်နှင့်အရှိန်ပြင်းစွာထွက်ခွာသွားသောကားနှစ်စင်း..private ကွင်းဖြစ်၍စိုင်းခက်တို့လူအနည်းငယ်သာရှိသည်..ပြေးလမ်းတွေကိုပတ်ကာမောင်းနှင်နေသောယှဥ်ပြိုင်နေသူနှစ်ဦးတွင်စိုင်းခက်ကသာနေ၏မိုးထက်ဆက်သာစောင့်ကြည့်နေလိုက်သည် သူရင်မခုန် စိုင်းခက်နိုင်မှာကိုသူသိနေသောကြောင့်ပင်ဖြစ်သည်..
YOU ARE READING
My Possessive Bad Guy
Romanceဘယ်သူ့ကိုမှရင်မခုန်တဲ့ကျွန်တော်နှလုံးသားကဒီလူကြီးကိုမှရင်ခုန်နေလေရဲ့ဖြစ်သင့်ရဲ့လားဗျာ. ရတုမိုးရှိန် မိန်းကလေးတွေကိုအထည်လဲသလိုတွဲခဲ့ဖူးပေမဲ့ဒီကောင်လေးနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်လေးကတစ်မျိုးလေးဗျာ...