part-13/ဘ၀တစ်ခုတည်ထောင်မှု/

132 1 0
                                    


မင်္ဂလာရှိသောနေ့ရက်ပင်ဖြစ်၏။ ဘ၀မှာတစ်ခါသာကြုံရသောထိုနေ့လေးအား မည်သူမဆိုချစ်ရသူနှင့်သာဖြတ်သန်းချင်သကဲ့ကို့ သူသည်လည်း ချစ်ရသူနှင့်သာ ထိုနေ့အားဆင်နွှဲရသည်လေ။ ကံကောင်းသည်ဆိုရမလား။ ဆိုနိုင်ပါတယ်လေတချို့ဆို မချစ်တဲ့သူနဲ့လက်ထပ်ရတာကြီးပါ့။ သိင်္ဂသူ့သမီး မဖြစ်ချင်တဲ့အရာတွေထဲက မချစ်သောသူနှင့်အတူနေရခြင်း ထိုအရာကိုတော့ကျွန်တော်လည်း လွတ်တယ်ဟိဟိ။ ကျွန်တော်သိပ်ပျော်တာပဲ ကျွန်တော့်ဘ၀တစ်ခုလုံးကိုကိုနဲ့ပဲဖြတ်သန်းရတော့မယ်ဆိုတော့။ ကျွန်တော်ပဲပျော်ရွှင်နေသည်မဟုတ်ကျွန်တော့်မိဘများမှာလည်းအတိုင်းထက်အလွန်ပျော်ရွှငိနေသည်လေ သူတို့သားလေးအားမိကောင်းဖခင်သားသမီးလက်ထဲသို့ပေးအပ်ရသည်လော။ဘယ်မိမဆို ပိတိမျက်ရည်အဖြာဖြာကတော့ကျဆင်းနေတာပဲလေ။ ထိုမျက်ရည်များအားသုတ်ပေးကာမေ​မေ့အား နှစ်သိမ့်ရသေး၏။ ကျွန်တော်သေသည်မှမဟုတ်တာ မေမေကငိုရစရာမလိုပါဘူးဗျာ။ ပြီးတော့ကျွန်LAကိုလိုက်သွားရမှာပဲလေ။ ယောက္ခမအိမ်ပေါ့ဗျာ အဲ့ဒီမှာကျွန်တော့်ဘ၀တိုးတက်မဲ့ပညာတွေသင်ယူပြီး ဂုဏ်ယူရတဲ့သားလေးဖြစ်အောင်လုပ်အုံးမှာ။ 

ပြင်ဆင်ထားသောအခမ်းအနားတစ်ခုမှာ လူကုန်ထံများဆိုသည့်အတိုင်းသို့ပင် အလွန့်ပင်ခမ်းနားလှ၏။ မတူသည်မှာ ဤလက်ထပ်ပွဲမှာမြန်မာ့ရိုးရာနည်းအတိုင်းပင်။ မြန်မာ့ရိုးရာအတိုင်းအိမ်သို့သွားရောက်တောင်းယူ၊မြန်မာ့ရိုးရာနည်းအတိုင်း မိသားဖသားစုံစုံနှင့်မင်္ဂလာပွဲကျင်းပပေး၏။ တစ်ဖက်မိဘများအား လေးစားခြင်းနှင့်အတူ တန်ဖိုးဖြတ်သည်မဟုတ် ထိုကောင်လေးအားမြတ်နိုးချင်းနှင့်အတူ တင်တောင်းငွေ မြန်မာငွေ သိန်းတစ်သောင်း၊Bugattiတစ်စီး ၊စိန်တစ်ဆင်ဆာ အား လေးစားစွာပေးအပ်ကာ ချစ်ရသူအားတောင်းယူခဲ့၏။ ထိုကောင်ငယ်လေးအားတစ်ဘ၀စာပိုင်ဆိုင်ပြီဖြစ်သည်ကိုသိသည်နှင့်မျက်ရည်များ အနည်းငယ်ကျဆင်းလာသည်မှာလဲတား၍ပင်မရခဲ့။ ယနေ့တွင်တော့သူမျှော်လင့်တောင့်တနေခဲ့ရတဲ့ရက်တစ်ရက်အား ရောက်ခဲ့လေခြင်းဖြစ်၏။ မင်္ဂလာအချိန်မှာ ဘိတ်သိတ်သွန်းရမည့်အချိန်ရောက်နေသည်မို့ အချိန်မလင့်စေရန် ဘိတ်သိတ်သွန်းသည့်နေရာတွင်ကား နေရာ၀င်ယူကာ လုပ်ထုံးလုပ်နည်းများအား လုပ်ရ၏။

 My Possessive Bad GuyWhere stories live. Discover now