padt-8/တွဲလက်လေးမြဲချင်တယ်/

156 3 0
                                    

စိုင်းခက်လက်အားပတ်တီးစည်းပြီးနက်ခ်တိုင်အားတစ်ဖြည်းဖြည်းလျှော့ချ၍ဖြုတ်ပြီးနောက်ရင်ဘတ်ကြယ်သီးနှစ်လုံးအားဖြုတ်ကာသက်ပြင်းတစ်ချက်ချ၍စိုးရိမ်စိတ်များလျှော့ချလိုက်လေသည်

"ဟူး..."

ကလေးရဲ့မျက်ရည်တွေတစ်ဖန်ကျလာအောင်လုပ်ခဲ့မိတဲ့အတွက်ကိုယ်တောင်းပန်ပါတယ်အခုချိန်မှာတောင်းပန်ရုံကလွဲပြီးဘာမှမလုပ်ပေးနိုင်တဲ့ကိုယ်ကတော်တော်ကိုအသုံးမကျတာပါ ကိုယ်တစ်ကယ်အသုံးမကျတာပါ ဘယ်နားကိုမှထိထိမြောက်မြောက်ဖြစ်အောင်လုပ်နိုင်ဘူး..ဒီအသက်အရွယ်အထိကိုယ်ချစ်ရတဲ့သူကိုတောင်မကာကွယ်နိုင်ရလောက်အောင်အထိကို မလုပ်နိုင်တဲ့ကိုယ်ကလုံး၀အသုံးမကျတာပါ

"ကံကြမ္မာအရကိုယ်တို့နှစ်ယောက်ကတွေ့ဆုံခဲ့ရပြီးကိုယ်တို့နှစ်ယောက်အတူတူပေါင်းစည်းပြီးပျော်ရွှင်ဖို့အတွက်ကိုက ကံကြမ္မာကမသတ်မှတ်ပေးထားဘူးလား
နီးစပ်ရဖို့အတွက်မဟုတ်ဘဲဝေးရဖို့အတွက်ပဲကံပါတယ်ဆိုရင်ဘာလို့များဆုံစည်းပေးခဲ့သေးလဲ ကံကြမ္မာကြီးရယ်.."

လမင်းကြီးကိုကြည့်ကာကြယ်တွေငေးမောလျက်ထိုကောင်လေးအားပျော်ရွှင်အောင်မထားနိုင်သည့်ကိုယ့်ကိုယ်ကိုအပြစ်တင်လျက်သာနေတော့၏

"အသုံးမကျတဲ့လူ ဟုတ်တယ်ငါကဘယ်နေရာမှဘောင်မ၀င်ဘဲ အရေးမပါတဲ့အရာတွေမှာပဲတော်တဲ့သူ ဒယ်ဒီ့ကိုစိတ်ချမ်းသာအောင်မထားနိုင်သလို ကောင်လေးမင်းကိုလည်းငိုကြွေးမျက်ရည်ကျအောင်လုပ်မိတယ်..."

"ကိုယ်နာကျင်နေရတာထက်မင်းနာကျင်နေတာကိုမြင်ရတာကကိုယ့်နှလုံးသားကတစ်ဆစ်တစ်ဆစ်နဲ့ပိုပြီးနာကျင်ရတယ်.."

ထိုနေ့ညဟာတစ်စုံတစ်ဦးကသူ့ကိုယ်သူအပြစ်တင်ကာပြောဆိုနေသူတစ်ဦးနှင့် အချစ်ကိုလက်၀ယ်ပိုင်ဆိုင်ရတော့မည်ဖြစ်၍ပျော်ရွှင်ကာ ချစ်ရသူအားစိတ်ပူနေသူတစ်ဦးလည်းရှိခဲ့၏။ထိုသူနှစ်ယောက်၏ခံစားချက်တွင်တစ်ဦးကပူဆွေး၀မ်းနည်းနေသကဲ့သို့တစ်ဦးမှာလည်းပျော်ရွှင်ခြင်းနှင့်၀မ်းနည်းခြင်း၊စိတ်ပူခြင်းခံစားချက်တို့ရောပြွမ်းလျက်ထိုညတာကိုအတွေးကိုယ်စီနှင့်ဖြတ်သန်းခဲ့၏
ထိုညတာသည်ချစ်သူနှစ်ဦးအဖို့မမျှတလှပေ....

 My Possessive Bad GuyWhere stories live. Discover now