"ကိုကို ဘာ ဘာလာလုပ်တာလဲဟင်.."
ရတုကြောက်ကြောက်နှင့်သာမေးမိ၏ကိုကိုတစ်ခုခုဖြစ်မည်စိုး၍သာ အခုပြန်တွေ့ပေမဲ့အခုပြန်သာဝေးရရင်ကျွန်တော့်နှလုံးသားခံနိုင်ရည်မရှိတော့မည်ဖြစ်သောကြောင့်
ပင်.."ငယ်လေးကရောသူနဲ့ဘာလုပ်နေတာလဲ..."
ကွယ်ရာတွင်စကားတအားနားထောင်သောညီငယ်အားမေးရအုံးမည်
"အာ~ ကျွန်တော့်ကိုလိုက်ပို့တာပါ.."
"အာ့ဆိုဒီနားမှာဘာလုပ်နေတာလဲ.."
"ဟို ~ဟို စကားပြောနေတာပါ သားတို့က..."
ပေါ်တင်လိမ်ရသော်လည်းမလိမ်ရင်မဖြစ်သောကြောင့်ပင်ကိုကိုကဘာမှမပြောသေးရပ်ကြည့်နေလေ၏"လာခဲ့ဒီကို~"ရှိန်းခန့်ရတုအားအသံမာမာနှင့်ပြောသည်နှင့်မျက်နှာဆူပုတ်ကာသူ့နားလှမ်းလာလေ၏
"မင်းကိုသူနဲ့မပတ်သတ်နဲ့လို့မပြောထားဘူးလား.."
"ပြော~ ပြောထားပါတယ်.."ရတုအသံလေးညှို့နွမ်းကာဖြေလေ၏
"ဟျောင့်မင်းကလေးကိုငေါက်စရာမလိုဘူး.."
စိုင်းခက်သူ့ကလေးအားပိတ်ငေါက်နေသော ကြောင့်၀င်ပြောလိုက်၏သူမခံချင်ပေ ကာကွယ်ရမည်မဟုတ်လော ထပ်ပြီးနာကျင်အောင်လုပ်၍မဖြစ်ပေ
"မင်း၀င်မပါနဲ့ ငါ့ညီကငါဘာလုပ်လုပ်.."
"မင်းဒီမှာရပ်နေအိမ်ရောက်မှတွေ့မယ် မင်း .."
"မင်းကရောလူစကားနားမလည်တာလားငါ့ညီနားမကပ်နဲ့လို့ပြောထားတယ်..."
"sorryယောက်ဖကြီးကျုပ်နားမလည်လိုက်ဘူး.."
နားလည်တာပေါ့သိပ်ကိုနားလည်တာပေါ့သူထိုကလေးအားစွဲလမ်းမိသောကြောင့်ဆူးခင်းလမ်းထဲတိုး၀င်ခဲ့မိ၏သူသာ၀င်ခဲ့သည်မဟုတ်ထိုကလေးကိုပါဆွဲခေါ်ခဲ့မိသည့်ကျွန်တော် ကလွန်လွန်းသည်
/ကိုယ်လျှောက်လမ်းခဲ့တဲ့ဆူးခင်းလမ်းထဲ
မင်းကိုဆွဲခေါ်ခဲ့မိလို့
မင်းပါထပ်တူနာကျင်နေရပြီ
ကိုယ်အဲ့လောက်ထိဆိုးရွားနေပြီလား..
အဲ့လောက်ထိမကောင်းတဲ့သူတစ်ယောက်ဖြစ်နေပြီလား..
ကိုယ်နဲ့အတူတူလျှောက်လှမ်းနေတဲ့
သိပ်သတ္တိရှိတဲ့ကောင်လေးကို
ကိုယ်စိတ်မပျက်စေရပါဘူး../
YOU ARE READING
My Possessive Bad Guy
Romanceဘယ်သူ့ကိုမှရင်မခုန်တဲ့ကျွန်တော်နှလုံးသားကဒီလူကြီးကိုမှရင်ခုန်နေလေရဲ့ဖြစ်သင့်ရဲ့လားဗျာ. ရတုမိုးရှိန် မိန်းကလေးတွေကိုအထည်လဲသလိုတွဲခဲ့ဖူးပေမဲ့ဒီကောင်လေးနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်လေးကတစ်မျိုးလေးဗျာ...